ပုဒ်မ ၆၆-ဃ နဲ့ The Voice သရော်စာအမှုရုံးချိန်း
2017.06.08
ပုဒ်မ ၆၆-ဃ နဲ့ ဖမ်းဆီးခံထားရတဲ့ The Voice သတင်းစာ အယ်ဒီချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင်တို့ကို အာမ,ခံပေးနိုင်လောက်တဲ့ အချက်အလက်မပြည့်စုံလို့ဆိုပြီး ဗဟန်းမြို့နယ်တရားသူကြီးက အာမ,ခံ ပယ်ချလိုက်ပါတယ်။
ဒီကနေ့ တရားရုံးထုတ်မှာပဲ သတင်းမီဒီယာ သမားတွေ စုပေါင်းပြီး သတင်းမီဒီယာလွတ်လပ်မှုရှိဖို့အတွက် လက်ပတ်ဖြူလှုပ်ရှားမှုကို စတင်လိုက်ပါတယ်။
RFA သတင်းထောက် ကိုသန့်ဇင်ဦးက သတင်းပေးပို့ထားပါတယ်