အငူမော်ကမ်းခြေက ရှားပါးသတ္တုတူးဖော်ရေး
2016.02.06
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အငူမော်ကမ်းခြေဒေသမှာ ရှားပါး- တိုက်တေနီယမ်သတ္တု "တနှစ်" စမ်းသပ်ထုတ်လုပ်ဖို့ ပြည်တွင်းအခြေစိုက် "ရေမြေ့ရှင်" ကုမ္ပဏီကို အစိုးရက ခွင့်ပြုထားပါတယ်။
ဒေသခံတွေကတော့ ဒီတူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဒေသခံတွေရဲ့ အကျိုးအတွက် ဦးစားပေး ဆောင်ရွက်ဖို့ လိုလားနေကြပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။