ဖမ်းဆီခံ ရေပူဆရာတော် ပြန်လွတ်ရေး
2015.06.12
မန္တလေးတိုင်း မိုးကုတ်မြို့က ရေပူကျောင်းတိုက်ဆရာတော်ကို ကျောက်မျက်တရားမဝင် တူးဖော်နေတယ်လို့ စွပ်စွဲပြီး ရဲက လူဝတ်လဲ ဖမ်းဆီးသွားတဲ့အတွက် ဒေသခံတွေက ဆရာတော်ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဇွန်လ ၁၂ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။