ရွှေဝါရောင်တော်လှန်ရေး ၁ဝ နှစ်ပြည့် (၁)
2017.08.17
မြန်မာနိုင်ငံမှာ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ သံဃာတော်တွေဦးဆောင်တဲ့ လူထုအုံကြွမှု ဖြစ်ပွားခဲ့တာ အခုဆိုရင် ၁ဝ နှစ် ပြည့်ခဲ့ပါပြီ။ ဗုဒ္ဓဘာသာ သံဃာတော်တွေဟာ မေတ္တာတရားရှေ့ထားပြီး အင်မတန် နူးညံ့သိမ်မွေ့တယ်လို့ ကမ္ဘာက သိကြပေမယ့် အခုလို သံဃာတွေ လမ်းမပေါ် ထွက်လာကြတဲ့အခါမှာ အားလုံး တအံ့တသြ ဖြစ်ခဲ့ကြပါတယ်။ ဒီလူထုအုံကြွမှုကြီး ဘယ်လို အစပျိုးခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာတွေ၊ လက်ရှိ နိုင်ငံရေး အပြောင်းအလဲနဲ့ ပတ်သက်လို့ ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေရဲ့ အမြင်တွေကို RFA က အထူးအစီအစဉ်အနေနဲ့ နေ့စဉ်တင်ပြသွားမှာပါ။