သီပေါစော်ဘွား ပျောက်ဆုံးမှု အမှုမှန်ပေါ်ရေးတောင်းဆို
ကံသာ
2020.03.03
2020.03.03
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က တိုင်းပြည်အာဏာသိမ်းလိုက်ပြီးနောက် ပျောက်ဆုံးသွားခဲ့တဲ့ သီပေါစော်ဘွာ စဝ်ကြာဆိုင်အတွက် အမှန်တရားပေါ်ပေါက်ရေး တောင်းဆိုတဲ့ အခမ်းအနား တစ်ခုကို သီပေါမြို့မှာ ဒီကနေ့ ကျင်းပပါတယ်။ သီပေါနဲ့ လားရှိုးက ရှမ်းတိုင်းရင်းသား ကျောင်းသားလူငယ်အချို့က ဦးဆောင်ပြီး သီပေါမြို့ စော်ဘွားသင်္ချိုင်းတွေရှိတဲ့ လွယ်မုဒ်တောင်မှာ ကျင်းပခဲ့တာပါ။