ရွှေတိဂုံစေတီတော်တည်တံ့ရေး
2015.06.18
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ပြင်ဆင်နေတဲ့ Dagon City အိမ်ရာစီမံကိန်းကို ဖျက်သိမ်းပေးဖို့ အမျိုးဘာသာသနာ - စောင့်ရှောက်ရေး အဖွဲ့ (မဘသ) က ဖွဲ့စည်းထားတဲ့ “ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့” က ဒီနေ့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ပြီး ကြေငြာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။