ပုဒ်မ ၅၉ (စ) မပြင်ဖို့ ဆန္ဒပြ
2019.05.06
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) မပြင်ဘဲ ဒီအတိုင်းထားဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာကို ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။