ပုဒ်မ ၅၉-စ ဆိုင်းငံ့ရေး သူတို့အမြင်
2016.02.05
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ကန့်သတ်ချက် ဖြစ်နေတဲ့ ပုဒ်မ ၅၉-စ ကို ဆိုင်းငံ့ထားဖို့ ကိစ္စနဲ့ပတ်သက်ပြီး လာမယ့် သီတင်းပတ်အတွင်း လွှတ်တော်ထဲမှာ တင်သွင်းနိုင်ဖွယ်ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပုဒ်မ ၅၉-စ ကို ဆိုင်းငံ့ဖို့ ဖြစ်နိုင်မဖြစ်နိုင်၊ ဥပဒေပညာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။