တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း


2019.08.23

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ဖြစ်ပွားနေတဲ့ တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြားက တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပိုပြီး ပြင်းထန်လာနေပါတယ်။

ဒီတိုက်ပွဲ တွေကြောင့် တရုတ်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းပိုင်းတချို့မှာ အဆက်အသွယ် ပြတ်တောက်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက လတ်တလော နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အဲ့ဒီဒေသတွေကိုရောက်နေတဲ့ RFA သတင်းထောက်တွေကို ဆက်သွယ် မေးမြန်းပြီး RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်။

(ဗီဒီယို - ကံသာ၊ ခေမဏီဝင်း)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။