ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူဝန်ကြီးချုပ်
2016.06.08
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ် Lee Hsien Loong နဲ့ နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ နှစ်ဖက်နိုင်ငံအကြီးအကဲတွေရဲ့ ဆွေးနွေးမှုတွေအကြောင်းကို သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ရှင်းလင်းခဲ့ပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။