သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-05
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အနီးက ဘောဒူဖ အမှတ် ၂ မွတ်စလင် ဒုက္ခသည်စခန်းမှာ မနေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့အင်အား တစ်ရာလောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တချို့က မီးလောင်ပြင်နေရာကို ဒီနေ့မနက်ပိုင်းက ရှင်းလင်းခဲ့ကြပါတယ်။
2016-05-04
ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲဒေသမှာ နေထိုင်တဲ့လူမျိုးတွေကို "မုန်းဝန်း-ဗမာ" တိုင်းရင်းသားလူမျိုးအဖြစ် တရားဝင် အတည်ပြုပေးထားတာ မရှိတဲ့အကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ကြီးဦးသိန်းဆွေ က ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2016-05-04
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အရေးပေါ်အစည်းအဝေး ခေါ်ယူရေးအတွက် ပါတီဗဟိုကော်မတီဝင်တွေ လက်မှတ်ရေးထိုး တောင်းဆိုတာနဲ့ ပတ်သက်ပြီး ပါတီကနေ ထုတ်ပယ်ခံထားရသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-05-04
ရခိုင်ပြည်နယ်က တိုက်ပွဲတွေရပ်တန့်ပြီး AA အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ တပ်မတော်သားကိုယ်စားလှယ်တချို့က မေလ ၄ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
2016-05-04
အခုတစ်ပတ်မှာ မန္တလေးမြို့က ရွှေသန့်စင်ရေး လုပ်ငန်းတွေနဲ့ ရွှေပန်းတိမ်တွေအကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထား ပါတယ်။
2016-05-04
EU ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းစီစဉ်တဲ့ "ပြည်သူဗဟိုပြု - ရဲလုပ်ငန်းစနစ်" သင်တန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ အလုံမြို့နယ်မှာ လူထုတွေ့ဆုံမှု ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။
2016-05-04
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ မေလ ၃ ရက်နေ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီးနောက်၊ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းခဲ့ပါတယ်။
2016-05-04
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ AA လက်နက်ကိုင်အဖွဲ့ ကို နိုင်ငံရေးအရ ဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2016-05-04
ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက် ဘောဒူဖ မွတ်စလင်ဒုက္ခသည်စခန်းမှာ ဒီနေ့မနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ အိမ်ထောင်စုပေါင်း ၄၃၀ ကျော် နဲ့ လူပေါင်း ၁၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပါတယ်။
2016-05-04
မြန်မာနိုင်ငံကို လေ့လာရေးခရီးရောက်ရှိလာတဲ့ အမေရိကန်-နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ- USAID အုပ်ချုပ်ရေးမှူး မစ္စ ဂေးလ်စမစ်ဟာ သူ့ရဲ့ခရီးစဉ်အပြီး ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-05-03
မကွေးတိုင်း ရေနံချောင်းမြို့မှာလည်း အလုပ် သမားနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။
2016-05-03
မန္တလေးတိုင်း ရမည်းသင်းမြို့က လေဘေးသင့် ပြည်သူတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မေလ ၁ရက်နေ့က သွားရောက်တွေ့ဆုံပြီး အလှူငွေနဲ့ စားနပ် ရိက္ခာတွေ ထောက်ပံ့ခဲ့ပါတယ်။
2016-05-03
အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်ကို လမ်းလျှောက် ချီတက်လာကြတဲ့ စစ်ကိုင်းမြို့က Myanmar Veneer စက်ရုံအလုပ်သမားတွေ ဟာ ဒီကနေ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာ ကို ရောက်ရှိလာကြပါတယ်။
2016-05-03
မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အလုပ်သမား စေလွှတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို မေလအတွင်း လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-05-03
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား... စတဲ့ မြို့နယ် ၉ ခု နဲ့ ရန်ကုန်မြို့မှာ မေလ ၁ ရက်နေ့က တပြိုင်တည်း ဆန္ဒပြခဲ့ကြပါတယ်။