သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-03
"နိုင်ငံရေးပြစ်မှု" နဲ့ "နိုင်ငံရေးအကျဉ်းသား" ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက် သတ်မှတ်ပေးဖို့ မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2016-06-03
သမ္မတဦးသိန်းစိန်လက်ထက်က ကျောက်မျက် လုပ်ငန်းရှင်တွေဆီကနေ ကောက်ယူထားတဲ့ ရန်ပုံငွေထဲက ယူရိုငွေ ၉၃ သန်း ပျောက်ဆုံးနေ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က နေပြည်တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ပြီး ငြင်းဆိုလိုက်ပါတယ်။
2016-06-03
အစိုးရသစ်ရဲ့ရက် ၁၀၀ စီမံချက်နဲ့အတူ ကွမ်းယာဆိုင်တွေကိုပိတ်ပြီး အခြားအလုပ်အကိုင်တွေပြောင်းဖို့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက အမိန့်စာတွေထုတ်ပြန်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
2016-06-03
နီပေါနိုင်ငံက အမြင့်ပေ ၂၉ဝ၂၉ ပေရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို မြန်မာနိုင်ငံသား တောင်တက်သမား သုံးဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနဲ့ ကိုညီညီအောင်တို့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ကြပါတယ်။
2016-06-02
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်က လီဆူတိုင်းရင်းသား စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ အခက်အခဲကြောင့် ဆွမ်ပရာဘွမ်မြို့ ကနေ မြစ်ကြီးနားမြို့ကို ရောက်ရှိနေကြပါတယ်။
2016-06-01
မကွေးတိုင်းအနောက်ပိုင်း ဂန့်ဂေါမြို့နယ်မှာ ကုမ္ပဏီတွေ သစ်အလွန်အကျွံ ခုတ်ယူနေတာတွေ၊ သစ်ခိုးထုတ်တာတွေကို ထိန်းသိမ်းဆောင်ရွက်ပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-06-01
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် အသုံးပြုသွားမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက စစ်တွေမြို့ က ဒေသခံတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။
2016-06-01
နေပြည်တော်ကို လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းမြို့က Myanmar Veneer သစ်အခြေခံစက်ရုံ အလုပ်သမားတွေထဲက ဦးဆောင်သူ ၁၅ ဦးကို တပ်ကုန်းမြို့နယ် တရားရုံးမှာ ဇွန်လ ၁ရက် ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2016-06-01
အရင်အစိုးရလက်ထက်က တရုတ်အစိုးရပိုင် သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ သမဝါယမဝန်ကြီးဌာနက ချေးယူပြီး တောင်သူတွေကို ထုတ်ချေးတဲ့ငွေတွေကို ရှမ်းပြည်နယ်က တောင်သူတွေ ပြန်မဆပ်နိုင်တဲ့အတွက်၊ ၆ လတစ်ကြိမ် အကြွေးပြန်ဆပ်ရမယ့်အစား တစ်နှစ်တစ်ကြိမ် ပြန်ဆပ်ခွင့်ပေးဖို့ လက်ရှိသမဝါယမဦးစီးဌာနကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က တိုက်တွန်းလိုက်ပါတယ်။
2016-06-01
မန္တလေးတိုင်း မိုးကုတ်မြို့လယ်က အင်းကြီးကို ပြီး ခဲ့တဲ့အစိုးရလက်ထက်က နိုင်ငံတော် သမ္မတဖွံဖြိုးမှု သီးသန့်ရန်ပုံငွေထဲ ကနေ ငွေကျပ် သန်း ၁၉၀၀ ကျော် သုံးစွဲပြီး ပြုပြင်ခဲ့ပေမယ့် အခုထိ ပြင် ဆင်မှုမပြီးပြတ်သေးဘူးလို့ ဒေသခံတွေက ပြောပါ တယ်။
2016-06-01
အရင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့ကြတဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလီယံကို အစိုးရသစ်လက်ထဲ လွှဲပြောင်းပေးတာ မရှိခဲ့ဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ မေလ (၃၁) ရက်နေ့ ဒီကနေ့ ပြောလိုက်ပါတယ်။
2016-06-01
ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု နည်းလာအောင် ၆ လကနေ တနှစ်အတွင်း ဆောင်ရွက်သွားမှာဖြစ်သလို၊ တိုးတက်မှုအခြေအနေကိုလည်း အများပြည်သူသိအောင် တင်ပြသွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
2016-06-01
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာက စစ်ပြေးဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။