သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-17
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွှဲမှုနဲ့၊ ရန်ကုန်မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖြိုခွဲမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ လက်ပတ်ဖြူဝတ် လှုပ်ရှားမှုကို ရန်ကုန်မြို့က လူစည်ကားရာ နေရာတွေမှာ ၂ဝ၁၅ မတ်လ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။
2015-03-17
၂၇ နှစ်မြောက် တံတားနီနေ့အထိမ်းအမှတ် အောက်မေ့ဘွယ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းမပေါ်က အင်းယားကန်ဘောင် မှာ ၂ဝ၁၅ မတ်လ ၁၆ ရက်နေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
2015-03-17
မတ်လ ၁၄ ရက်နေ့ကကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့” အခမ်းအနားကို မေခနဲ့မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံကမ်းနဘေးမှာ ဒေသခံရွာ သားတွေ စုပေါင်းပြီး ကျင်းပခဲ့ပါတယ်။
2015-03-17
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက နစ်မြုပ်ခဲ့တဲ့ အောင်တံခွန်ရေယာဉ်က လူ ၂ဝ ရဲ့အလောင်းတွေကို မတ်လ ၁၆ ရက်နေ့က နောက်ထပ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
2015-03-14
သပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး ဖမ်းဆီးရိုက်နှက်ခံရတဲ့ အတွေ့အကြုံတွေ နဲ့ပတ်သက်လို့ သာယာဝတီ ထောင်ကနေ ၂ဝ၁၅ မတ်လ ၁၂ ရက်နေ့ကပြန် လွတ်လာ တဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်က မောင်အောင်မင်းခန့်နဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်က မတင့်တင့်ခိုင် (ခ) အိပုံ တို့ရဲ့ ပြောပြချက်တွေကို အခု ထုတ်လွှင့်ပေးပါမယ်။
2015-03-14
ကျောင်းသားသပိတ်ဖြိုခွဲမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လက်ရှိ ဒီမိုကရေစီအစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေတဲ့အကြောင်း RFA ဝိုင်းတော်သူမဟေမာစိုးက တင်ပြ ထားပါတယ်။
2015-03-14
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲပြီး ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ် မှာ ကျောင်းသားကျောင်းသူတွေဘက် က အနိုင်ရရှိတယ်လို့ ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်ပါတယ်။
2015-03-14
ပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ငါးရက်မြောက်ကြားနာပွဲကို အမျိုးသား လွှတ်တော်မှာ ၂ဝ၁၅ မတ်လ ၁၃ ရက်နေ့ ဒီကနေ့ ကျင်းပရာမှာ နိုင်ငံရေးပါတီ ၁၁ ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
2015-03-14
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုတွေဟာ မတ်လ ၁ဝ ရက်နေ့မှာတော့ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။
2015-03-13
လက်ပံတန်းမြို့မှာ သပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့အတူ အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေက မန္တလေးမြို့ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်မှာ မတ်လ ၁၂ ရက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-03-13
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို နာရေးကူညီမှုအသင်းက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။
2015-03-13
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-03-13
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲမခံရချိန်မှာ ပဲခူးတိုင်းဒေသကြီးအစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေအကြား ညှိနှိုင်းပေးခဲ့တဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင်ကို RFA သတင်းထောက် ကိုအောင်ကိုကိုက တွေ့ဆုံ မေးမြန်းထားပါတယ်။
2015-03-13
သပိတ်စစ်ကြောင်းကို ဖြိုခွဲချိန်မှာ ကျောင်းသားတွေက အေးအေးဆေးဆေး အဖမ်းခံမယ့်အကြောင်း ရဲတွေကိုပြောပေမယ့် ဖမ်းဆီးပြီးနောက် ရိုက်နှက်ခဲ့ကြတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
2015-03-13
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခဲ့တဲ့ အပေါ် ကန့်ကွက်ရှုတ်ချ ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ကျောင်းသားတွေ နဲ့ ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပွဲကို ရန်ကုန်မြို့က နာရေးကူညီအသင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။