သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-28
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ညောင်နီကျေးရွာမှာ တပ်ပိုင်မြေဆိုပြီး အမှတ်-၉၅၈ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲက ရွာထဲမှာ ခြံဝင်ခတ်နေတဲ့အတွက် ရွာသားတွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
2016-01-28
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၈၀၀ ကျော်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ အမိန့်နဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က လူအင်အား၊ ရဲအင်အား ၁၀၀၀ လောက်နဲ့ ဖယ်ရှားခဲ့ပါတယ်။
2016-01-28
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာမှာ ဒေသခံတွေ ရဲ့မြေတွေကို တပ်မတော်က ပြန်ပေးခဲ့ပေမယ့် ရွာသားတွေလက်ထဲ ကို ပြန်မရောက်သေးသလို၊ ရွာချောင်းကိုပိတ်ပြီး အုပ်ချုပ်ရေးက ရေအား လျှပ်စစ် ထုတ်နေတဲ့အတွက် ရေရှည်မှာ ချောင်းတိမ်ကောမှာ ကို ဒေသခံတွေ က စိုးရိမ်နေကြပါတယ်။
2016-01-28
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီးမှာ ရှိတဲ့ ရပ်ကွက်တွေ နဲ့ မြေဧက ၁၉ဝ နီးပါးမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ နေအိမ် ၁၅ဝ ကျော်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ဇန်နဝါရီလ ၂၃ ရက်နေ့က အင်အားသုံးဖယ်ရှားလိုက်ပါတယ်။
2016-01-28
ရခိုင်ပြည်နယ်မှာ လာမယ့်အစိုးရသစ်လက်ထက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရသစ်အသုံးပြုဖို့ ငွေကျပ် ၁၄၅ ဘီလီယံကို သုံးစွဲခွင့်ပြုကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2016-01-23
အပတ်စဉ် သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ "မှတ်မှတ် သားသား စကားများ" အစီအစဉ်ဖြစ်ပါတယ် ။ မြန်မာ့နိုင်ငံရေး လောကထဲက လူပုဂ္ဂိုလ်တွေရဲ့ စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထား ပါတယ်။
2016-01-23
သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁ဝ၂ ယောက် ရှိတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၂ ယောက် ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ပြောပါတယ်။
2016-01-23
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု၊ အမှတ်-၃ ဒုက္ခသည်စခန်းက ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကို စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် ၁ဝ မှာရှိတဲ့ လုံးချင်းအိမ်တွေမှာ ပြောင်းရွှေ့ နေရာချထားပေးပါတယ်။
2016-01-23
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ဖိနပ်နဲ့ တက်နင်းထားတဲ့ပုံကို အင်တာနက် Facebook မှာ မျှဝေခဲ့တယ်ဆိုပြီး တရားစွဲခံထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ် ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးက ဖန်နဝါရီလ ၂၂ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2016-01-22
နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ အင်းစိန် စက်မှုလက်မှုသိပ္ပံ- GTI ကျောင်းကို မကြာခင် ပြန်ပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ အင်းစိန် GTI ကျောင်း ပြန်ဖွင့်နိုင်ဖို့အတွက် ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတာနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2016-01-22
ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အထပ်မြင့် အဆောက်အ ဦးတွေ ဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး "ရန်ကုန်မြို့တော် စည်ပင်သာယာရေး" ကော်မတီဝင် ဇောတိကဦးခင်လှိုင်က သူ့ရဲ့ရုံးခန်းမှာ ဇန်နဝါရီလ ၂၂ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-01-21
ကယားပြည်နယ် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို လွိုင်ကော်မြို့က အင်္ဂလီကန် ဘုရားကျောင်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေပါတယ်။
2016-01-21
လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့်၊ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်ခဲ့သူဖြစ်တဲ့အတွက် လာမယ့် အစိုးရသစ် လက်ထက်မှာလည်း အထင်ကရနေရာတစ်ခုမှာ တာဝန်ယူလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
2016-01-21
တစ်နိုင်ငံလုံးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်ကြမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာအုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ကိုးလုံးကွင်း ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-01-21
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှေးရိုးရာလက်မှုလုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ အုတ်နီလုပ်ငန်းကို ဒီနေ့အထိ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။