သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-21
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရန်ကုန်မြို့ကိုရောက်နေတဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဟာ ကချင်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့သလို သတင်းမီဒီယာတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-11-21
ပြီးခဲ့တဲ့ရက်ပိုင်းက OIC ခေါ် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်း ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာခွင့်ရခဲ့သလို၊ တချိန်တည်းမှာပဲ နေရာအတော်များများမှာ ဆန့်ကျင်ကန့်ကွက်ကြတွေနဲ့လည်း ကြုံတွေ့ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးသိန်းအောင်က စုစည်းတင်ပြထားပါတယ်။
2013-11-21
ရန်ကုန် ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ "အီလန်-မြန်မာ" အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်အားခ တိုးမြှင့်ရရှိရေးအတွက် အလုပ်မဆင်းဘဲ သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-11-21
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၊ ပိတ်ပွဲအခမ်းအနားနဲ့ ဆုပေးပွဲကို နိုဝင်ဘာလ ၁၈ ရက်ညပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-11-20
“သူရိယနေဝန်းဂျာနယ်”ဟာ ခရိုနီလို့ အများက ခေါ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ရေးသားနေတယ်ဆိုပြီး ပြစ်တင်ဝေဖန်မှုတွေ ရှိနေသလို အဲဒီလို ဆောင်းပါးတွေကြောင့်ပဲ ဝယ်ယူဖတ်ရှုသူတွေ များနေတယ်လို့ ဂျာနယ်ထုတ်ဝေသူက ပြောပါတယ်။ တစ်ချိန်တည်းမှာလည်း အဲဒီလို ရေးသားမှုတွေဟာ သတင်းဂျာနယ် ကျင့်ဝတ်နဲ့ မညီညွတ်ဘူးဆိုပြီး ဝေဖန်နေကြပါတယ်။ သူရိယနေဝန်း ဂျာနယ်အမှုဆောင်အရာရှိချုပ် ကိုမိုးဟိန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-11-20
သဘာဝသယံဇာတ အရင်းအမြစ် တူးဖေါ်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုဖေါ်ဆောင်ရေး(EITI) ဆိုင်ရာတွေကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပြည်ပက အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက် မနေ့က နေပြည်တော် မြန်မာနိုင်ငံတကာကွန်ဗင်းရှင်းစင်တာ MICC မှာ ကျင်းပခဲ့ပါတယ်။
2013-11-20
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဦးနှစ်ဘက် ယုံကြည်မှုမတည်ဆောက်သေးသရွေ့ ပြန်လည်သင့်မြတ်ရေးအတွက် အလှမ်းဝေးနေဦးမှာဖြစ်တယ်လို့ ဒေသခံဘာသာရေးခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။ တချိန်တည်းမှာလည်း နှစ်ဖက်လူ့အဖွဲ့အစည်းက ယုံကြည်မှုတည်ဆောက်ရေးဟာ အရေးကြီးကြောင်း ပြောကြပါတယ်။ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။
2013-11-20
မြန်မာအစိုးရရဲ့ အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ဇြိုးရေး မဟာဗျူဟာစီမံကိန်း မူဘောင်အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပရာမှာ သမ္မတဦးသိန်းစိန် တက်ရောက်စကားပြောပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-11-19
ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်ပြုလုပ်တဲ့ ကာတွန်းပြပွဲကို ရန်ကုန် လမ်းမတော်မြို့နယ် ၁၃ လမ်း (အောက်ခြမ်း) မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်
2013-11-19
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် "တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့" ဆွေးနွေးပွဲကို တက်ရောက်မယ့် KIA ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဟာ ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-11-19
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူရေးအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုဟောပြောပွဲကို နေပြည်တော်မှာ ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် မိန့်ခွန်းထဲက တချို့ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ကောက်နှုတ်တင်ပြထားပါတယ်။
2013-11-19
NLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူရေး ဟောပြောပွဲနဲ့ ပတ်သက်လို့ တက်ရောက်လာသူတွေရဲ့ အမြင်သဘောထားတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြထားပါတယ်။
2013-11-16
နေပြည်တော်မှာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကျင်းပတဲ့ အီးယူ - မြန်မာ အထူးလုပ်ငန်းအဖွဲ့ရဲ့ လွှတ်တော်ရေးရာဆွေးနွေးပွဲမှာ သဘာပတိအဖြစ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-11-16
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ပဲ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-11-16
မြန်မာနိုင်ငံ အကျဉ်းထောင် ၁၈ ခုက နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁ (၁) အရ၊ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။