သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-23
ရေကိုလွယ်လွယ်ကူကူရနေတဲ့သူအများစုဟာ ရေပေါများတယ်အထင်နဲ့ ဖြုန်းတီးတာတွေများနေတယ်လို့ ဒီကနေ့ UMFCCI မှာ ကျင်းပတဲ့ Water Economic Forum မှာ ဆွေးနွေးသူတွေက ပြောကြပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ပေးဝေနေတဲ့ ရေရဲ့ ၅၀ ရာခိုင်နှုန်းကလည်း လေလွင့်တာတွေရှိနေတယ်လို့ စည်ပင်ကော်မတီ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
2019-09-22
လွှတ်တော်ကိုဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ တာဝန်တွေကို ထည့်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်လို့ပြောရင်းနဲ့ တပ်ရဲ့နယ်နိမိတ်ကို ပိုပြီးချဲ့ထွင်လာချင်တဲ့ ရည်ရွယ်ချက်ကို ဦးတည်လေသလားဆိုတာ စဉ်းစားရမယ့် အနေအထားရှိလာပြီလို့ NLD ပါတီက ပြောလိုက်ပါတယ်။
2019-09-21
နေပြည်တော်က ဗစ်တိုးရီးယားအမှုပေါ် အဂတိလိုက်စားမှု မြောက်၊ မမြောက် စစ်ဆေးပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလာတဲ့အတွက် စောင့်ကြည့်ဆောင်ရွက်နေတယ်လို့ ကော်မရှင် တာဝန်ရှိသူက နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-09-20
မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ အခုတလောမှာ အရှိန်မြင့်လာနေတာပါ။ ဒီလိုဖိအားတွေနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ လှုပ်ရှားမှုတွေက ဆက်စပ်မှု ရှိနေပါသလား...။
2019-09-20
အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စေတနာ့ဝန်ထမ်း အလှူခံပေးသူတွေကို အာဏာပိုင်တွေက အရေးယူနေတဲ့အတွက် ဒုက္ခသည်ကူညီရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။
2019-09-20
ချင်းပြည်နယ် ဟားခါးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ သမိုင်းဝင် ချင်းခေါင်းဆောင်တွေရဲ့ ရုပ်တုတွေနဲ့အတူ ထားဖို့ ညှိနှိုင်းနေကြပါတယ်။
2019-09-20
ပြင်ဦးလွင်မြို့က တပ်မတော် နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ သြဂုတ်လ ၁၅ ရက်နေ့က ပစ်ခတ်လိုက်တဲ့ ၁ဝ၇ မီလီမီတာ ရှော့တိုက်ဒုံးလက်နက်တွေရဲ့ အရင်းအမြစ်ဟာ တရုတ်နိုင်ငံက ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
2019-09-20
ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ရှစ်ယောက်ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့အမှုမှာ နောက်ထပ် ရခိုင်တိုင်းရင်းသား ၁၆၄ ဦးကိုပါ တရားခံပြေးအဖြစ် ထည့်သွင်းထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောပါတယ်။
2019-09-20
နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပါတယ်။
2019-09-19
ဒီတပတ်မှာတော့ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ထိုင်းနိုင်ငံက RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-09-19
တပ်မတော်အနေနဲ့ ပြည်ထောင်စုဝန်ကြီး၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အရည်အချင်းသတ်မှတ်ချက်တွေမှာ ပုဒ်မထပ်ဖြည့်ဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ မြန်မာနိုင်ငံတည်တံ့ခိုင်မြဲဖို့ လိုအပ်တဲ့အတွက် ဖြည့်စွက်တာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။
2019-09-18
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အကြမ်းဖက်သမားတွေ လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ ဟိန္ဒူတွေကို ရည်စူးပြီး နှစ်နှစ်ပြည့်ဆုတောင်းပွဲကို ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2019-09-18
ကျိုင်းတုံမှာ မနေ့က ကျင်းပခဲ့တဲ့ တပ်မတော်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ ဆွေးနွေးပွဲဟာ အရင်က တွေ့ဆုံဆွေးနွေးပွဲတွေထက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိခဲ့တယ်လို့ သုံးသပ်သူတွေလည်းရှိသလို ဒီဆွေးနွေးပွဲကနေ တိကျတဲ့ သဘောတူညီချက်တွေ ထွက်လာဖို့ မျှော်လင့်ထားပေမယ့် ဖြစ်မလာဘူးလို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။
2019-09-18
တပ်မတော်က လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူးဆိုရင် အခြေခံဥပဒေ သစ်တစ်ရပ် ပေါ်ထွန်းလာအောင် တိုက်ပွဲဝင်သွားမယ်လို့ ရွှေဝါရောင်သံဃာတော်တွေက ရွှေဝါရောင်လှုပ်ရှားမှု ၁၂ နှစ်ပြည့်တဲ့ ဒီနေ့မှာ ကြေညာလိုက်ပါတယ်။
2019-09-17
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အကြား တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဖြစ်ထွန်းအောင် ကျိုင်းတုံမြို့မှာ ဒုတိယအကြိမ်ထပ်ပြီး ဆွေးနွေးခဲ့ကြပေမယ့် ထူးခြားတဲ့တိုးတက်မှုတွေ ရှိမလာသေးပါဘူး။