သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-11
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွေပြန်စဖို့ အစိုးရဘက်က သဘောတူလိုက်ပါတယ်။
2015-02-11
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုပွဲအဖြစ် ၈၈ မျိုးဆက်အဖွဲ့က ကိုမင်းကိုနိုင် စီစဉ်တင်ဆက်တဲ့ “သမိုင်းရဲ့ကဗ္ဗည်းရှင်” အမည်ရှိ ကဗျာအော်ပရာတင်ဆက်ပွဲကို့မန္တလေးမြို့ ဓမ္မပါလခန်းမမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်
2015-02-11
မကွေးတိုင်း နတ်မောက်မြိုမှာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကျင်းပနေပါတယ်။
2015-02-10
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်လောက်က အစိုးရနဲ့ KIA အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး လာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဖားကန့်မြို့နယ် ကံဆီးကျေးရွာမှာ ခိုလှုံနေကြ ပါတယ်။
2015-02-10
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ စက်ရုံသုံးခုက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ ၆ သောင်း တိုးပေးဖို့အတွက် စက်မှုဇုန်အတွင်းမှာ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2015-02-10
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ပွဲတော်ကို မကွေးတိုင်း နတ်မောက်မြို့မှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
2015-02-10
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ မန္တလေး- ရန်ကုန် ခရီးရှည်ချီတက် ဆန္ဒပြနေတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ပဲခူးတိုင်း ပြည်မြို့ကို ၂ဝ၁၅ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ရောက်ရှိမှာ ဖြစ်ပါတယ်။
2015-02-10
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ထောက်ခံကြောင်း ရန်ကုန်မြို့ခံတွေက ၂ဝ၁၅ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဗိုလ်စိန်မှန်ကွင်းကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2015-02-10
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို နောက်ကွယ်က ကြိုးကိုင် နေကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ပြည်ထဲရေးဝန်ကြီး- ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက အစိုးရပိုင် ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။
2015-02-05
ဧရာဝတီတိုင်းက သပိတ်မှောက်ကျောင်းသားတွေ လမ်းခရီးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2015-02-05
အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ မန္တလေးကနေရန်ကုန်အထိ ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေ ဖြတ်သန်းခဲ့တဲ့မြို့နယ်တိုင်းမှာ ဆန္ဒပြခွင့်တရားဝင်လျှောက်ထားဖို့ သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူတွေက လာရောက်ပြောဆိုတာတွေ ရှိနေပါတယ်။ ကျောင်းသားတွေဘက်ကတော့ အခုလို ခွင့်ပြု ချက် လျှောက်ခိုင်းတာကို လက်မခံကြပါဘူး။
2015-02-05
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်၊ ပလိပ် ချည်မျှင်နဲ့အထည်စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးဟာ တစ်ပတ်ကို ၂ ရက် အလုပ်ပိတ်ပေးဖို့နဲ့၊ လုပ်ခလစာတိုးပေးဖို့အတွက် မန္တလေးမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါ တယ်။
2015-02-05
White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက်၊ ဒီကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ အခြေခံဥပဒေခုံရုံးကိုတင်ပြဖို့ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြင်ဆင်နေကြပါတယ်။
2015-02-05
အပတ်စဉ် ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ပရိသတ်တွေ ရှု့စားရမှာပါ။ RFA ဝိုင်းတော်သား မခက်မာက စီစဉ်တင်ဆက်ထားပါတယ်။
2015-02-05
ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်ပြတိုက်မှာ ထားရှိ မယ့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို ထုလုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။