သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-13
လက်ရှိအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကူညီထောက်ပံ့နေတဲ့ ဟံသာဝတီ ဦးဝင်း တင်ဖောင်ဒေးရှင်းရဲ့ ၁၈ ကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့ ပါတယ်။
2015-01-13
မိုးကုတ်မြို့မှာ ကျောက်မျက်လုပ်ငန်းရှင်များအသင်း က ကျောက်မျက်ဈေးဆောက်လုပ်ဖို့ စီစဉ်နေတာကို မြို့ခံတွေက ဇန်နဝါရီလ ၁၁ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2015-01-13
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့်ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-01-13
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ နေပြည်တော် သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-01-10
ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားနဲ့ ရိုးရာမနော ပွဲတော်ကို ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည် နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မကျင်း ပနိုင်ခဲ့ပေမယ့် ၂ဝ၁၅ ခုနှစ်မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ ရိုးရာမနော ပွဲတော်ဖွင့်ပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောကွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပ ခဲ့ပါတယ်။
2015-01-10
ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ကိုမြအေးဦးဆောင်တဲ့အဖွဲ့ဟာ KIO နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးက တာဝန်ရှိသူတွေ၊ မြစ်ကြီးနား အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင်၊ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-10
ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ စစ်တွေမြို့ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ညနေက ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanhee Lee ကို စစ်တွေမြို့ခံ တထောင်နီးပါး ဆန္ဒပြခဲ့ကြပါတယ်။
2015-01-10
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ တည်ထောင်ခြင်း ၈၄ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲက ဦးချစ် လဘက်ရည်ဆိုင်မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-08
မြန်မာနိုင်ငံမှာ HIV ရောဂါပိုး ကူးစက်ခံထားရ သူတွေအတွက် လုံလောက်တဲ့ ဆေးဝါးအကူ အညီပေးဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ မကွေးတိုင်းချောက်မြို့မှာ HIV ဝေဒနာ သည်တွေ ဆေးဝါးအလွယ်တကူ ရရှိအောင် ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတကွန်ရက် အဖွဲ့အကြောင်းကို RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2015-01-08
ဖန်တီးမှုအနုပညာတွေထဲမှာ အဆောက်အဦးတွေ၊ လမ်းတံတားတွေရဲ့ အသေးစားပုံစံငယ်လေးတွေကို ဆောက်လုပ်ရေးကိရိယာမသုံးဘဲ လက်မှုပညာနဲ့ ဖန်တီးတဲ့ပညာရပ်လည်း ပါဝင်ပါတယ်။ ဝါးနဲ့ လုပ်ထားတဲ့တူ၊ အသားကင်တဲ့တုတ်၊ သွားကြားထိုးတံ အစရှိတဲ့ပစ္စည်းတွေသုံးပြီး ဖန်တီးထားတဲ့ လက်မှုအနုပညာအကြောင်းကို RFA သတင်းထောက် ကိုအောင်ကိုကိုက တင်ပြထားပါတယ်။
2015-01-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှုကော်မတီဟာ နေပြည်တော် သမ္မတရုံးဝန်ကြီးဌာနရုံးမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-01-08
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က ချည်မျှင်နဲ့အထည်စက်ရုံ ဆန္ဒပြအလုပ်သမားတွေနဲ့၊ အစိုးရဆီကနေစက်ရုံကို လွဲှပြောင်းယူထားတဲ့ Panda Textile ကုမ္ပဏီတာဝန်ရှိသူတွေ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။
2015-01-07
ခရစ်ယာန် ရိုမန်ကက်သလစ် သာသနာပိုင်ချုပ်- ပုပ်ရဟန်းမင်းကြီး Francis ရဲ့ Cardinal ရဟန်း အမတ်အသစ် ၂ဝ ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ က ရွေးချယ်ခဲ့ရာမှာ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်ဘိုလည်း ရွေးချယ်ခံခဲ့ရပါတယ်။
2015-01-07
ရန်ကုန်တိုင်း ဒလမြို့နယ်၊ ကမာကစစ် အနောက်ကျောင်းဆရာတော် ဦးဧသိက ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မူလတန်းကျောင်းသူကျောင်းသား သုံးရာကျော်ကို ပညာသင်ကြားပေးနေပါတယ်။ ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသားတွေအတွက် ရက်ပေါင်း ၆ဝ သင်တန်းကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။