သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-28
ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ ယာဉ်တိုက်မိပြီး သေဆုံးသူ များပြားသလို တရားခံမပေါ်ဘဲ အသက်ဆုံးရှုံးရတာတွေလည်းရှိနေပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။
2016-04-28
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ကန့်ကွက်ကြောင်း ကျောက်တော်မြို့က ဒေသခံတွေ ဧပြီလ ၂ရရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2016-04-28
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ မနေ့ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန် ယူထားပြီဖြစ်ပါတယ်။
2016-04-27
ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ အနားပေးခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနဲ့ ပါတီဝင်ဟောင်းတချို့ဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-04-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပါတယ်။
2016-04-27
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ စစ်ပြေးဒုက္ခသည် ၇ ရာနီးပါး ရှိနေပါတယ်။ ဒီဒုက္ခသည်တွေက မူလကျေးရွာတွေ မှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ချင် ကြတယ်လို့ ပြောပါတယ်။
2016-04-27
အခုတစ်ပတ်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ အပါအဝင် သယံဇာတ ထုတ်ယူသုံးစွဲတာတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး- ဘယ်လို ဆက်စပ်ပတ်သက်နေသလဲဆိုတာကို အင်းတော်ကြီးဒေသ မိုင်းနောင်ရွှေတွင်းတွေ အကြောင်းကို အခြေခံပြီး RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
2016-04-27
ရန်ကုန်မြို့အခြေစိုက် အစ္စလာမ့်ဗိမ္မာန်ရဲ့ ဦးဆောင်ဆော်သြရေးမှူးနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
2016-04-27
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန် ၂ဝ လောက်က လုပ်ငန်းရှင်တွေ မနေ့က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ တွေ့ဆုံပြီး စက်မှုဇုန်တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။
2016-04-27
သမ္မတဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးကို NLD အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် Horizon Lake View ဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-04-26
ဧရာဝတီမြစ်မှာ ရေတက်လာတာကြောင့် မြစ် အထက်ကနေ သစ်မျိုးစုံနဲ့ ဝါးတွေ မျောလာလေ့ရှိ ပြီး ဒေသခံတွေဟာ မြစ်ထဲမျောလာတဲ့ သစ်ဝါးတွေ ကို ထင်းအဖြစ် ဆည်ယူအသုံးပြုလေ့ရှိကြပါတယ်။
2016-04-26
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော်အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေမှာ စစ်ပြေးဒုက္ခသည် ၇ဝဝ နီးပါး ရှိလာနေပါတယ်။
2016-04-26
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်- SSPP/SSA ရဲ့ ၅၂ နှစ်မြောက် တပ်မတော်နေ့ကို SSPP ဌာနချုပ်ရှိရာ ဝမ်ဟိုင်းမှာ ကျင်းပခဲ့ပါတယ်။
2016-04-26
မြန်မာနိုင်ငံရဲ့ ပို့ကုန်ကို သုံးဆတိုးမြှင့်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က စီပွားရေး လုပ်ငန်းရှင်တွေ၊ စက်မှုလက်မှု လုပ်ငန်းရှင်တွေကို ပြောလိုက်ပါတယ်။
2016-04-26
ကယန်းအမျိုးသမီးတွေရဲ့ ညီလာခံကို ရှမ်းပြည်နယ် ဖယ်ခုံမြို့က ကက်သလစ် သာသနာကျောင်းမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။