သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-23
ရခိုင်ပြည်နယ် အမ်းနဲ့ ရမ်းဗြဲမြို့နယ်ကနေ ရွေးချယ်ခံရတဲ့ ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အများစု အနိုင်ရခဲ့တဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။
2015-11-20
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေ တဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။ အခုတစ်ပတ်မှာ သမ္မတဦးသိန်းစိန်၊ NLD ဦးဉာဏ်ဝင်း၊ ဝန်ကြီး ဦးရဲထွဋ်၊ အမျိုးသားကွန်ဂရက် ပါတီက ဦးကောင်းမြင့်ထွဋ်၊ မတူကွဲပြားခြင်းပါတီက ဦးနေမျိုးဝေ၊ ကိုမင်းကိုနိုင်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ NDF ပါတီကိုယ်စားလှယ် ဒေါ် တင်နွယ်ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူရ ဦးအောင်ကို တို့ရဲ့ ပြောကြားချက်တချို့ ကို ကောက်နှုတ်စုစည်းတင်ပြထားပါတယ်။
2015-11-20
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်က ရေကြီးပြီး လယ်ယာမြေတွေ ပျက်စီးခဲ့တဲ့အတွက် အခုစပါးပေါ်ချိန်မှာ အထွက်လျော့ကျခဲ့တာကြောင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကနေ ချေးယူထားတဲ့ စိုက်ပျိုးစားရိတ်ငွေကို ပြန်လည်ပေးဆပ်ဖို့ ဒေသခံလယ်သမားတွေ အခက်တွေ့နေကြပါတယ်။
2015-11-20
မကွေးမြို့နယ်အတွင်း လေတပ်အခြေစိုက်စခန်း တည်ဆောက်ဖို့ သိမ်းဆည်းထားတဲ့မြေတွေထဲက ပိုလျှံတဲ့ယာမြေတွေကို ပြန်ပေးဖို့ အစီအစဉ်မရှိတဲ့အပြင်၊ လျော်ကြေးကိစ္စကိုလည်း လက်ရှိ တိုင်းဒေသကြီးအစိုးရနဲ့သာ ညိနှိုင်းကြဖို့ စစ်တပ်အာဏာပိုင်တွေ က မြေသိမ်းခံထားရတဲ့ တောင်သူတွေကို ပြောလိုက်ပါတယ်။
2015-11-20
ကွယ်လွန်သူ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့မှာ လေးရက်ကြာ ကျင်းပသွားမယ့်အကြောင်း လူထုဒေါ်အမာရဲ့မိသားစုဝင်တွေက ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ မန္တလေးမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မရွှေရည်မဉ္ဇူက တင်ပြထားပါတယ်။
2015-11-20
အစိုးရသစ်အနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် NLD ပါတီဝင် မဟုတ်သူတွေကို ဦးစားပေးတာဝန် ပေးသင့်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောလိုက်ပါတယ်။
2015-11-20
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက... ပြည်သူတွေကို ဥပဒေက အကာ အကွယ်ပေးထားတယ်ဆိုတာကို သူယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်က ပြည်သူတွေသိအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
2015-11-20
မြန်မာ့ပင်လယ်ပြင်က ရေထွက်ပစ္စည်းတွေကို ထိုင်းနိုင်ငံနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် တနင်္သာရီတိုင်း မြိတ်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီ ငါးဈေးကွက် ပေါ်ပေါက်လာအောင် ပြင်သစ်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦးက ကြိုးပမ်းနေပါတယ်။
2015-11-20
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် Horizon Lake View Hotel မှာ နိုဝင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့၊ နှစ်ရက်တာကျင်းပခဲ့ပြီး နှစ်ဖက်တပ်တွေ လိုက်နာရမယ့်အချက်တွေကို အပြီးသတ် ချမှတ်နိုင်ခဲ့ပါတယ်။
2015-11-20
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ငလပွေ့ကျေးရွာက ချောင်းကမ်းပါးမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက မြေနေရာတွေယူပြီး အဆောက်အဦးတွေ ဆောက်လုပ်နေတာကြောင့် ဒေသခံ ငါးဖမ်းလုပ်ငန်းသမားတွေရဲ့ လှေတွေထားဖို့ အခက်အခဲရှိနေပါတယ်။
2015-11-20
ရန်ကုန်မြို့မှာ လာရောက် အလုပ်လုပ်နေကြတဲ့ ရှမ်းတိုင်းရင်းသားလူငယ်တွေဟာ ရှမ်းပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာတဝိုက်မှာ အလှူငွေ ကောက်ခံနေကြပါတယ်။
2015-11-20
ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်းအားလုံး က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောလိုက်ပါတယ်။
2015-11-20
ရခိုင်ပြည်နယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အကြမ်းဖက်သမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တွေမြို့ အဝင်အထွက်ကို လုံခြုံရေး တင်းကြပ်ထားပါတယ်။
2015-11-20
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်နဲ့ အင်္ဂပူမြို့နယ်ကြားက မြို့ကွင်းရထားတံတားဟာ နှစ်ပေါင်းတရာကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။
2015-11-19
ရွေးကောက်ပွဲရလဒ်တွေ အရ ပြည်ထောင်စု လွှတ်တော်အသစ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေက အများဆုံး ဖြစ်ပေ မယ့် ဖွဲ့စည်းပုံအရ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ % ကလည်း ရှိနေပါတယ်။