သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-08
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာပြီး အစီရင်ခံစာ တင်သွင်းရမယ့် အချိန်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက သက်တမ်းတစ်လ တိုးမြှင့်လိုက်ပါတယ်။ အခုလို ပြောင်းလဲသတ်မှတ်လိုက်တဲ့ အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က စုစည်းတင်ပြထားပါတယ်
2013-11-08
လျှပ်စစ်ဝန်ကြီးဌာနက အိမ်သုံးနဲ့ လုပ်ငန်းသုံး လျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံလိုက်တဲ့အတွက် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့နဲ့ Generation youth အဖွဲ့ဝင်တွေ ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ မနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-11-07
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို လာရောက်လေ့လာတဲ့ NLD ပါတီဝင်တွေနဲ့ "မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ" ကပါတီဝင်တွေကို ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ တွေ့ဆုံခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-11-07
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးတင်ထွန်း (နတ်မောက်) ရဲ့ ဈာပနကို မနေ့က ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဈာပနကို ရန်ကုန်မြို့က တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-11-07
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင် ရခိုင်ပြည်နယ်ကနေပြီး သတင်းပေးပို့ထားပါတယ်။
2013-11-07
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဒီလ နိုဝင်ဘာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်ခဲ့ပေမယ့် ပျက်ပြယ်သွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က စုစည်းတင်ပြထားပါတယ်။
2013-11-07
မွန်ပြည်နယ်အတွင်းက ရှေးဟောင်းအမွေအနှစ်တွေ ထိမ်းသိမ်းရေး ဥပဒေမူကြမ်းတစ်ခု ရေးဆွဲဖို့အတွက် ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-11-07
မကွေးတိုင်းအတွင်းက မြေအသိမ်းခံရသူတွေနဲ့ လယ်ယာလုပ်ငန်းအဆင်မပြေတဲ့ လယ်သမားတွေဟာ စားဝတ်နေရေးပြဿနာ ဖြေရှင်းဖို့အတွက် မင်းလှမြို့နယ်က ရေနံမှော်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-11-06
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဟာ ကလေးအတော်များများကို အခမဲ့ ပညာသင်ကြားပေးနေပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-11-06
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်နေတဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မီတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲဟာ ဒီနေ့ ပြီးဆုံးပါပြီ။ ဒီဆွေးနွေးပွဲကနေအချက် ၆ ချက်ပါတဲ့ ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2013-11-06
မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ Holocaust ပြတိုက်မှာ နိုဝင်ဘာလ(၄)ရက် မနေ့က ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ တက်ရောက်ပြောကြားသူတွေထဲက ဗြိတိန်အခြေစိုက် "မြန်မာ-ရိုဟင်ဂျာ အစည်းအရုံး" ဥက္ကဋ္ဌ ကိုထွန်းခင်ကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-11-06
"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ ရှင်သန်ရပ်တည်ရေး အခက်အခဲများ" လို့ အဓိပ္ပာယ်ရတဲ့ ... The Plight of Burma's Rohingya ဆွေးနွေးပွဲကို မနေ့ညပိုင်းက ဝါရှင်တန်ဒီစီမြို့တော်က Holocaust Museum ပြတိုက်မှာ ပြုုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-11-06
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပြီး ပညာရေးဥပဒေ (မူကြမ်း) ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီနေ့ကျင်းခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို RFA ဝိုင်းတော်သား မသင်းသီရိက တင်ပြထားပါတယ်။
2013-11-05
ပျူမြိုဟောင်းသုံးမြို့ဖြစ်တဲ့ ဗိဿနိုး၊ သရေခေတ္တရာနဲ့ ဟန်လင်း မြို့ဟောင်းတွေကို သမိုင်းဝင် ရှေးဟောင်း ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းသတ်မှတ်ဖို့ အလားအလာတွေ ရှိနေပါတယ်။ အပြည့်အစုံကို RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။
2013-11-05
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ မူလတန်းကျောင်းတွေမှာ ရခိုင်ဖတ်စာ သင်ရိုးညွှန်းတမ်းတွေကို စပြီးသင်ကြားနေပြီလို့ သိရပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က သတင်းပေးပို့ထားပါတယ်။