သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-19
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို ရိုဟင်ဂျာဆိုပြီး သုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး မနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းဝေးက ကန့်ကွက်လိုက်ပါတယ်။
2014-11-19
အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-11-18
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက် တဲ့ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကတည်းက စတင် သပိတ်မှောက်နေကြတာ ဒီနေ့ဆိုရင် လေးရက်ရှိ သွားပြီ ဖြစ်ပါတယ်။
2014-11-18
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတာနဲ့ ပတ်သက်ပြီး သပိတ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-11-18
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပံ့လာတဲ့ ဘယ်လို ထောက်ပံ့ကူညီမှုမျိုးကိုမဆို လက်မခံပဲ ငြင်းပယ်သွားမယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။
2014-11-18
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2014-11-14
အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ညနေပိုင်းက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အရှေ့ တောင်အာရှဒေသ အဖွဲ့ဝင်နိုင်ငံတွေက လူငယ်တွေအပါအဝင် မြန်မာနိုင်ငံက လူငယ် ၅၀၀ ကျော်ကိုတွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့သလို လူငယ်တွေရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။
2014-11-14
လာမယ့်ရွေးကောက်ပွဲတွေမှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို လုံးဝမကျင့်သုံးဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
2014-11-14
မနေ့ကကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့ပြီး ဒီနေ့ နေ့ယ်ပိုင်းမှာ ရန်ကုန်ဘူတာကြီးရှေ့ကနေ ြမို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-11-14
အမေရိကန်သမ္မတ အိုဘားမားဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2014-11-14
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2014-11-13
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေ ကို နေပြည်တော်မှာ မနေ့ညနေခင်းက ကျင်းပခဲ့ပါတယ်။
2014-11-13
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီနေ့ နေ့ လည် က နေပြည်တော် MICC ခန်းမ ထဲက သီးသန့်အခန်း တစ်ခုမှာ ပြည်တွင်းသတင်းမီဒီယာတစ်ချို့နဲ့ သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံ ရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေအပြင် အားနည်းချက်တွေကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သတင်းထောက်တွေရဲ့ မေးခွန်းတစ်ချို့ကို လည်း ဖြေကြားခဲ့ပါတယ်။
2014-11-13
ရခိုင်ပြည်နယ်မှာ သောက်သုံးဖို့မသင့်တဲ့ တရားမဝင်အရက်တွေကို တားဆီးပိတ်ပင်ပေးဖို့အဆိုကို မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-11-13
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက စာရေးဆရာတွေ ပူးပေါင်းပါဝင်တဲ့ ၁၁ ကြိမ်မြောက် နိုင်ငံတကာစာရေးဆရာများ အလုပ်ရုံဆွေးနွေး ပွဲကို အောက်တိုဘာ ၂၀ ရက်နေ့ကနေ နိုဝင်ဘာ ၂၀ ရက်နေ့ အထိ ဟောင်ကောင် ဘတ်ပတစ်စ် တက္ကသိုလ်မှာ ကျင်းပနေပါတယ်။