သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-30
ရန်ကုန်မြို့နဲ့ မိုင်လေးဆယ်ကျော်လောက်သာ ဝေးတဲ့ ကျောက်တန်းမြို့နယ်က တံငါရွာလေးတခုမှာ ဒီနှစ်ကစပြီး အစိုးရ အသိအမှတ်ပြု စာသင်ကျောင်းလေးတကျောင်း ရှိလာပါတယ်။
2019-08-30
ရှမ်းပြည်တောင်ပိုင်း တီကျစ်ဒေသမှာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီက လုပ်ဆောင်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကန့်ကွက်မှုတွေကြားကပဲ အစိုးရက စက်ရုံကို နောက်ထပ် ၃ နှစ် ဆက်ပြီးလည်ပတ်ခွင့် ချပေးလိုက်ပါတယ်။
2019-08-30
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေရပ်ဖို့ တရုတ်အစိုးရက တိုင်းရင်းသား အဖွဲ့တွေကို သိသိသာသာ ဖိအားပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက ဘယ်လို အခြေအနေကို ဦးတည်စေနိုင်ပါသလဲ…။
2019-08-30
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ FFM အဖွဲ့က သြဂုတ်လ ၂၂ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-08-30
ရှမ်းပြည်နယ် သိန်းနီမြို့နယ် ပန်ဖတ်ရွာနဲ့မိုင်းလီရွာကွေ့တံတားပေါ်မှာ ဒီမနက်က လက်နက်ကိုင်တချို့က ဈေးသည် ဆိုင်ကယ်တစ်စီးနဲ့ ခရီးသည်တင်ကားတစ်စီး အပါအဝင် ကားငယ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2019-08-30
တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ ငါးသန်းကနေ ခုနှစ်သန်းအထိရှိပြီး တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး နေ့စဉ် ပျမ်းမျှ ဒေါ်လာခြောက်သန်းခန့် နစ်နာရတယ်လို့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။
2019-08-30
မြင်းခြံသံမဏိစက်ရုံ တည်ဆောက်ရေးအတွက် ဘတ်ဂျက်ငွေ ခွင့်ပြုချက်မကျဘဲ စက်မှုဝန်ကြီးဌာနက ကြိုတင်သုံးစွဲခဲ့တဲ့အပေါ် စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး အရေးယူပေးဖို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2019-08-29
ဒီတပတ်မှာတော့... မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-08-29
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AAတို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့နယ် ရှစ်ခုက ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် နှစ်နှစ်အောက် ကလေးငယ် စုစုပေါင်း ၉၄ဝဝ ကျော်ကို ထောက်ပံ့ငွေ မပေးအပ်နိုင်ခဲ့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။
2019-08-29
မြန်မာနိုင်ငံတဝန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ အဆက်မပြတ် ဆောင်ရွက်သွားနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေကို မွေးထုတ်ပေးဖို့တိုက်တွန်းကြောင်း အဆိုကို NLD ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။
2019-08-29
တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက်မှာ ရေးသားတယ်ဆိုပြီး တပ်မတော်က အမှုဖွင့်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဒီကနေ့ အင်းစိန်မြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပါတယ်။
2019-08-29
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် အခြေစိုက် ခလရ ၂၉၁ တပ်ကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
2019-08-28
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေး နှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး သုံးဦး ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။
2019-08-28
Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ကျူးလွန်သူ ဘယ်သူလဲဆိုတာနဲ့ ပတ်သက်လို့ မိသားစုက Victoria ကို ဖုန်းကင်မရာနဲ့ မေးမြန်းရိုက်ကူးထားတဲ့ တယ်လီဖုန်းကို သက်သေအဖြစ် လက်မခံဖို့ အစိုးရဘက်က ဥပဒေအရာရှိက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက ပယ်ချလိုက်ပါတယ်။
2019-08-28
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းတဲ့ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း" နဲ့ပတ်သက်ပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဒီကနေ့ အပြီးသတ်ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။