သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-30
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရုံးစိုက်ရာ လိုင်ဇာမြို့မှာ တစ်နိုင်ငံလုံးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို မနက်ဖြန် အောက်တိုဘာလ ၃ဝ ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။ ဒီညီလာခံနဲ့ပတ်သက်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လိုင်ဇာမြို့ခံတချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2013-10-29
မန္တလေးတိုင်း ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတွင်းလုပ်သား တစ်ရာကျော်ဟာ ရွှေတွင်းလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့ မိုးထိမိုးမိကုမ္ပဏီက ရွှေတူးဖော်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် အလုပ်အကိုင်မဲ့ဖြစ်ပြီး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-29
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၆၇) ရပ်ကွက်က ဒေသခံတွေဟာ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးဖို့ အောက်တိုဘာလ ၂၆ ရက်၊ ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-10-29
ရွှေပါရမီ ဖောင်ဒေးရှင်းရဲ့ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
2013-10-29
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ပြည်နယ်အတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၉၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းတွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-10-29
ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် လယ်မြေအသိမ်းခံရတဲ့ လယ်သမားတွေက လယ်ယာမြေ လျော်ကြေးရလိုတဲ့အကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-10-26
"မှတ်မှတ် သားသား စကားများ" ကိုကျော်မင်းထွန်း စီစဉ်တင်ဆက်ထားပါတယ်၊
2013-10-26
မန်မာစာပေလောကမှာ ရသစာပေဖွံ့ဖြိုးမှု ကျဆင်းနေသလို၊ ဒီနေ့ခေတ် လူငယ်တွေကြားမှာလည်း ရသစာပေ ဖတ်ရှုလေ့လာမှု အားနည်းနေပါတယ်။ ရသစာပေဟာ လူ့ယဉ်ကျေးမှုကို တွန်းအားပေးတဲ့ စာပေမျိုး ဖြစ်တာကြောင့် ရသစာပေ ပြန်လည်ဖွံ့ဖြိုးလာဖို့ အရေးကြီးတယ်လို့ စာရေးဆရာတွေက ပြောကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-26
မန်မာနိုင်ငံမှာ ပြည်ပကနေ လာရောက်ရင်းနှီးမြုှပ်နှံသူတွေအနေနဲ့ ကြုံတွေရနိုင်တဲ့ အခက်အခဲတွေ အပါအဝင် လက်ရှိပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေကို သုတေသနပြု လေ့လာနေတဲ့ Thura Swiss ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ အောင်သူရကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-26
ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာက "ကုန်းသာ" ပရဟိတ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ လွိုင်ကော်တက္ကသိုလ် ကျောင်းသားလူငယ်အဖွဲ့က ဒီနေ့ အလှူဒါန ပြုခဲ့ကြပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-26
မြန်မာမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ အကြားသာမက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်လို့ လူထုအခြေပြု အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားတွေကိုသိရှိနိုင်ဖို့ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲကနေ အခုလို သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-26
ကလေးသူငယ်တွေအပေါ် မုဒိန်းမှု ကျူးလွန်သူတွေကို သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် တသက်တကျွန်း အပြစ်ပေးရေးအဆိုကို ရန်ကုန် သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှွန့်က ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
2013-10-25
လာမယ့် ၂ဝ၁၄ ခုနှစ် မေလမှာ ASEAN အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ ထိပ်သီးညီလာခံကို နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပတော့မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ASEAN ဒေသတွင်းက လူမှုအဖွဲ့အစည်းတွေကလည်း ASEAN လူထုညီလာခံကို လာမယ့်နှစ်ဧပြီလမှာ စတင်ကျင်းပဖို့ ပြင်ဆင်ာနေကြပါတယ်။ ASEAN လူထုညီလာခံအကြောင်း ထိုင်းနိုင်ငံအခြေစိုက် Burma Partnership မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့က ဒေါ်ခင်ဥမ္မာကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-25
သမ္မတဦးသိန်းစိန်အနေနဲ့ လာမယ့် သမ္မတသက်တမ်းအတွက် ဆက်လက်ရွေးချယ်ခံမှာ မဟုတ်တော့ဘူးလို့ ပြောဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အတည်ပြုပြောလိုက်ပါတယ်။ နေပြည်တော် လွှတ်တော်အတွင်းကခန်းမတစ်ခုမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း သူ့အနေနဲ့ မူဘောင်အတွင်းက ဆောင်ရွက်သွားမယ်လို့ ဦးရွှေမန်းက ပြောပါတယ်။ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-25
မွန်ပြည်နယ် သံဖြူဇရပ်မြိုနယ်က ကျိုက်က္ခမီ ရေလယ်ဘုရားပွဲဟာ ဒီနှစ်မှာ ထိုင်းနိုင်ငံသား ဘုရားဖူးတွေပါ လာရောက်လည်ပတ်ကြတဲ့အတွက် အထူးစည်ကားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။