သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-25
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာမှာ ပါဝင်မယ့်အချက်တွေနဲ့ ပတ်သက်ပြီး မူကြမ်းတစ်ခု ရေးဆွဲထားတယ်လို့အစိုးရ ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီက ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ "အရပ်ဖက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်" မှာ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတစ်ဦးက အခုလို ပြောခဲ့တာပါ။ RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့က အိမ်တွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ရိုးရာခမောက်နဲ့ ယပ်တောင်လုပ်ငန်းအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။
2013-10-24
ပြီးခဲ့တဲ့ သီတင်းကျွတ်လဆန်း ၁၄ ရက်နဲ့ ၁၅ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့ ကန်ကြီးစေတီ ဗုဒ္ဓပူဇနိယပွဲတော်မှာ (၁၃၉) ကြိမ်မြောက် မြန်မာ့ရိုးရာ လှေပြိုင်ပွဲကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-24
ပျဉ်းမနားမြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာကြတဲ့ မျှစ်ချဉ်လုပ်ငန်းဟာ အခုဆိုရင် လုပ်ငန်းပိုပြီး တွင်ကျယ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-10-24
ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ သီတင်းကျွတ် မီးမျှောပွဲတော်ကို ဒီနှစ်မှာ အခက်အခဲတွေကြားက ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုဇုန်ဟာ ပြုပြင်ထိန်းသိမ်မှု အားနည်းတဲ့အတွက် ပျက်စီးမှုတွေများနေတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-10-24
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာ ၂ ရွာက တောင်သူ ၄၄ ဦးဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က တရားစွဲဆိုခံထားရပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-10-23
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းက စိုက်ပျိုးမြေတွေကို ပြည်နယ်ဝန်ကြီးချုပ်က သိမ်းယူခဲ့တဲ့အပေါ် မကျေနပ်တဲ့ မူလပိုင်ရှင်တောင်သူတွေက သမ္မတကို တိုင်ကြားထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-10-23
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့ဒေသက ပညာမသင်ကြားနိုင်တဲ့ ကလေးသူငယ်တွေကို မူလတန်းနဲ့ အလယ်တန်းဆင့် ပညာတွေအပြင် လက်မှုပညာတွေပါ သင်ပေးနေတဲ့ ကရုဏာဥယျာဉ် ပရဟိတကျောင်း အကြောင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-10-23
လာမယ့် ဒီဇင်ဘာလ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Sea Games အကြို လှုံ့ဆော်မှုအဖြစ် ထိုင်းနိုင်ငံက နာမည်ကျော် Carabao တေးဂီတအဖွဲ့နဲ့အတူ နိုင်ငံတကာ အလှမယ်တွေ ရန်ကုန်မြို့မှာ မနေ့က ဖျော်ဖြေခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-23
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပပါလီမန်ကချီးမြင့်တဲ့ Sakharov ဆုကို ပြင်သစ်နိုင်ငံ Strasbourg မြို့မှာ ဒီနေ့လက်ခံခဲ့ပါတယ်၊ ဒီနေ့ကျင်းပခဲ့တဲ့ Sakharov ဆုပေးပွဲအကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အတွင်းက မြန်မာ့အရေး ဆွေးနွေးချက်တွေကို RFA ဝိုင်းတော်သူ မခင်ခင်အိက စုစည်းတင်ဆက်ထားပါတယ်၊
2013-10-23
ဒဂုံမြို့သစ်အရှေ့ပိုင်းက မြေအသိမ်းခံထားရတဲ့ လယ်သမားတွေဟာ ကုမ္ပဏီတွေဘက်က လယ်ယာမြေမှတ်ပုံတင် လျှောက်ထားမှုနဲ့ ပတ်သက်ပြီး မြို့နယ် မြေစာရင်းဦးစီးဌာနရုံးမှာ ဒီနေ့ ကန့်ကွက်ခဲ့ကြပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-10-22
အောက်တိုဘာလ ၁၈ ရက်နေ့ ညသန်းခေါင်ကျော်က အပတ်စဉ်ထုတ် သူရိယအလင်း ဂျာနယ်တိုက်ရုံးခန်းကို လူတစ်စုကဝင်ရောက်ပြီး ကွန်ပျူတာတွေနဲ့ ဂျာနယ်တွေကို ယူဆောင်သွားခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူရိယအလင်းဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-10-22
ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့က ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ပေါင်းစုံ ကျောင်းသားသမဂ္ဂအဖွဲ့တွေ စုပေါင်းပြီး ဆင်းရဲနွမ်းပါးသူတွေကို ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-10-22
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်ထက် ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခု အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။