သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-08
မြန်မာနိုင်ငံမှာ ပိုမို ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတည်ထောင်ရေး အတွက် စစ်တပ်က ဖြေလျှော့ပေးလာမလားဆိုတဲ့ ေ မးခွန်းအတွက် ပြည်သူ သန်းပေါင်း ၃၀ ကျော်က ဒီနေ့ ၂၀၁၅ ခု နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲပေးရွေးချယ်ကြပါတယ်။ ြ မန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော် စစ်တပ်က အုပ်ချုပ်လာပြီး၊ လွန်ခဲ့တဲ့ ၅ နှစ်မှာ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ အရပ်သားတပိုင်း အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။
2015-11-07
မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ သာသနာရေးမှာ မန္တလေး သံဃာတော်များရဲ့ သြဇာအရှိန်အဝါက ကြီမားလှ ပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း နိုင်ငံတကာ သတင်းမီဒီယာ အတော်များများမှာ ရေပန်း စားနေတဲ့ မန္တလေးသံဃာတော်တပါးကတော့... မစိုးရိမ်တိုက်သစ်က ဆရာတော် အရှင်ဝီရသူ ဖြစ် ပါတယ်။
2015-11-07
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်က ရတောင်မှောင်းလှော်၊ ရတောင်၊ ညောင်သီးစတဲ့ ကျေးရွာတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့ ထောက်ခံသူတွေဟာ မနေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2015-11-07
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးမဲဆွယ်စည်းရုံးရေး လုပ်ခဲ့ပါတယ်။
2015-11-07
ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီဟာ ရှမ်းပြည်မြောက်ပိုင်း ဝ, ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းမှာ ပါဝင်တဲ့ ဟိုပန်ခရိုင်က မြို့နယ်တွေမှာ နောက်ဆုံးအကြိမ်အဖြစ် မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-11-07
ဒီမိုကရေစီ အပြောင်းအလဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ဆွေ က ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒရယ်ဘိုကျေးရွာမှာပြုလုပ်တဲ့ မဲဆွယ်ဟောပြောပွဲမှာ ပြောလိုက်ပါတယ်။
2015-11-07
ဟသာၤတ အကျဉ်းထောင်မှာ အမိန့်မချရသေးတဲ့ အချုပ်သားတွေနဲ့ ဟသာၤတဆေးရုံမှာ တက်ရောက် ကုသနေတဲ့ နာမကျန်းတဲ့ ထောင်ကျအကျဉ်းသားတွေဟာ ဒီနေ့ ကြိုတင်မဲ ပေးခဲ့ကြပါတယ်။
2015-11-07
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2015-11-06
မိုင်းရှုး၊ မိုင်းနောင်၊ တန့်ယန်းနဲ့ ကျေးသီးမြို့နယ်က ဒေသခံ ၆ ထောင် ကျော်ထွက်ပြေးခဲ့ရပါတယ်။
2015-11-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ နိုဝင်ဘာလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-11-06
ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တို မြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ နောက်ဆုံးအကြိမ် မဲဆွယ် စည်းရုံးခဲ့ပါတယ်။
2015-11-06
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲရက် မတိုင်ခင် နောက်ဆုံးအကြိမ်အဖြစ် ကားတွေဆိုင်ကယ်တွေနဲ့ မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။
2015-11-06
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့အတွက် ဥရောပသမဂ္ဂ ရွေးကောက် ပွဲ လေ့လာရေးအဖွဲ့က ကာလတို လေ့လာသူ ၆၂ ယောက် စေလွှတ်တဲ့ အစီအစဉ်ကို ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2015-11-06
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခရမ်းကျေးရွာနဲ့ ဟံသာဝတီကျေးရွာတွေ မှာ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရုပ်ရှင် သရုပ်ဆောင်ဗေလု၀ က လှည့်လည်မဲဆွယ်ခဲ့ပါတယ်။