သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-13
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၉ ပါတီဟာ ရန်ကုန်မြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ စက်တင်ဘာလ ၁၂ ရက်နေ့ တွေ့ဆုံဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2017-09-13
အစိုးရကို ထိခိုက်စေတဲ့ မေးခွန်းတွေ မမေးကြဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက စက်တင်ဘာလ ၁၂ရက်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ကိုယ်စားလှယ်တွေဟာ လွှတ်တော်မှာ မေးခွန်းမေးမြန်းခွင့်ရဖို့အတွက် ၁၀ ရက် ကြိုတင်ပေးပို့ထားရတာဖြစ်သလို ဥပဒေအရ လွတ်လပ်စွာ မေးမြန်းခွင့်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုကြပါတယ်။
2017-09-13
အစိုးရသက်တမ်း တစ်နှစ်ခွဲအတွင်း မန္တလေးတိုင်း အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ အောင်မြင်မှုရှိခဲ့တယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောလိုက်ပါတယ်။ လက်ရှိ မန္တလေးတိုင်းအတွင်းက ရေရှည်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တိုင်းအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ တွေ့ဆုံမေးမြန်းခဲ့တာပါ။
2017-09-12
စက်တင်ဘာလ ၁၁ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့စာတွေ အင်တာနက် လူမှုကွန်ရက်တွေကတဆင့် ဖြန့်ဝေနေသလို၊ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စတဲ့ မြို့ကြီးတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် လူအများ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
2017-09-12
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေအရ မောင်တောဒေသမှာ ရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ အတူတကွ နေထိုင်သွားနိုင် မလား ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
2017-09-11
ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေး နှစ်သစ်ကူးကွင်းမှာ မနေ့က နေ့လည်ပိုင်းက ဆရာတော် ဦးဝီရသူ ကျင်းပခဲ့တဲ့ ဟောပြောပွဲဟာ ဘားအံမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရဲ့ သဘောတူညီချက် မရဘဲ ကျင်းပခဲ့တာလို့ သိရပါတယ်။
2017-09-11
စက်တင်ဘာလ ၁၀ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ဆရာတော် ဦးဝီရသူ ဦးဆောင်ခဲ့တဲ့ ဟောပြောပွဲ မှာ တောင်တွင်းကြီးက ဒေါက်တာကျော်ဆွေလည်း တက်ရောက်ဟောပြောခဲ့ပါတယ်။
2017-09-09
စက်တင်ဘာလ ၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဘာတွေ အကြံပြုထားသလဲ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးဝင်းမြ (အဖွဲ့ဝင် - ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်) က ပင်တိုင် ဆွေးနွေးကြတာ ဖြစ်ပါတယ်။
2017-09-09
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့အတွက် တနေရာနဲ့တနေရာ ခရီးသွားလာတာတွေ ကို ကန့်သတ်ထားပါတယ်။
2017-09-09
မောင်တောမြို့နယ် အလယ်သံကျော်နဲ့ မောရဝတီကျေးရွာတွေက အခြေအနေတွေနဲ့ ပတ်သက်ပြီး မောင်တောမြို့ ကို ရောက်နေတဲ့ RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာကို ကိုကျော်သူက တင်ပြပေးမှာပါ။
2017-09-09
မောင်တော်ဒေသက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြ တဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေဟာ စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်းတွေ မှာ ယာယီ ခိုလှုံနေကြရပါတယ်။
2017-09-09
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို သြဂုတ် ၇ ရက်နေ့က သွားရောက်ခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ဝင်တွေကို ဆန္ဒပြသမားတွေက ဟစ်အော် ရှုတ်ချပြီး ကားတွေကို ထုရိုက် ခဲနဲ့ပေါက်ခဲ့ကြပါတယ်။
2017-09-09
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅/ခ နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အမှုနဲ့ပတ်သက်ပြီး ဒီနေ့ဒုတိယအကြိမ် ရုံးချိန်းမှာ ကိုအောင်ကိုထွေးရဲ့ ရှေ့နေက အာမခံ လျှောက်ထားခဲ့ပါတယ်။
2017-09-08
ရခိုင်ပြည်နယ် မောင်တောဒေသကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံတွေ ထောင်နဲ့ချီ ရှိနေပါတယ်။
2017-09-08
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ နိုင်ငံအနှံ့မှာရှိတဲ့ ကွန်ယက်တွေနဲ့ လေးကြိမ်မြောက် တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ သာသနာ့ရိပ်သာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။