သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-08
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ အာမခံနဲ့ တရားရင်ဆိုင်နေတဲ့ ပြင်စာကျေးရွာက တောင်သူတွေနဲ့ ဒီတောင်သူတွေကို ကူညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၁ ဦးကို ပြင်ဦးလွင်ခရိုင် တရားရုံးက အာမခံ ရုပ်သိမ်းလိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် အာမခံ ရုပ်သိမ်းခံထားရတဲ့ ဦးမျိုးဝင်းက တရားရုံးရှေ့မှာ စက်တင်ဘာလ (၇) ရက်နေ့ ဒီကနေ့ ဆန္ဒပြခဲ့ပါတယ်။
2017-09-08
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဓိကနေရာတွေကနေ ပါဝင်ခဲ့သူတွေထဲက ဆရာတော် ဦးပညာဇောတ၊ အရင် ရဟန်းဘဝမှာ ဦးဃောသိတ အဖြစ်ကနေ အခုလူဝတ်လဲထားတဲ့ ကိုချိုနိုင်၊ ကဗျာဆရာအောင်ဝေးနဲ့၊ ဓာတ်ပုံသတင်းထောက် လောအယ်စိုးတို့ လေးဦးဟာ လက်ရှိမှာ အမေရိကန် ပြည်ထောင်စုမှာ အခြေချ နေထိုင်နေကြပါတယ်။
2017-09-07
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ နဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကို နေပြည်တော်က အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-09-07
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကို နေပြည်တော်က အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-09-07
ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းဆိုတဲ့ အစိုးရရဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ၂ဝ၁၆ ခုနှစ်က ဆန္ဒပြခဲ့တဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၂ ဦးကို ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၆ လစီချမှတ်လိုက်ပြီး၊ ကျန် ၁ ဦးကို ထောင်ဒဏ်တလ ချမှတ်လိုက်ပါတယ်။
2017-09-07
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီကနေ့ မှာတော့… ဒီလှုပ်ရှားမှုကြီး မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတပါးဖြစ်တဲ့ အရှင်ဃောသိတအကြောင်း ထုတ်လွှင့်ပေးမှာပါ။
2017-09-06
မောင်တောဒေသအတွင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မောင်တောမြို့ပေါ်နဲ့ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေရသူ တွေထဲမှာ ဟိန္ဒူလူမျိုးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
2017-09-06
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ MCL မော်လမြိုင် ဘိလပ်မြေစက်ရုံက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ ၂ ရုံဟာ ခွင့်ပြုမိန့်မရှိဘဲ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ စက်တင်ဘာလ ၅ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။
2017-09-06
ကလေးအလုပ်သမားတွေနဲ့ အိမ်အကူ မိန်းကလေးတွေအပေါ် အလုပ်ရှင်တွေ အိမ်ရှင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ ကာကွယ်ဖို့အတွက် ဝန်ကြီးဌာန ၅ ခု ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဒီနေ့ တိုင်းလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2017-09-06
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီကနေ့မှာတော့… ဒီလှုပ်ရှားမှုအတွင်း Europe Press Photo Agency ဓာတ်ပုံ သတင်းထောက်တယောက်အဖြစ် သတင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ လောအယ်စိုး ရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်မှာပါ။
2017-09-05
မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့တရားစွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦးနဲ့ အရပ်သားတစ်ဦး အမှုဟာ သီပေါမြို့နယ်တရားရုံးမှာ စက်တင်ဘာ ၄ ရက်နေ့ရုံးချိန်းမှာ အမှုမပြီးပြတ်ခဲ့ဘဲ လာမယ့် စက်တင်ဘာလ ၁၅ရက်နေ့ ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
2017-09-05
နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို သမိုင်းဝင်ခရီးစဉ်အဖြစ် အလည်အပတ် လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Francis ဟာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ မြန်မာလူထုနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2017-09-05
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီတွေဟာ ဥပဒေနဲ့အညီ မြေတွေရယူခြင်းမရှိတာ၊ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီအောင် မစိုက်တဲ့မြေနေရာတွေကို ဥပဒေအတိုင်း စီစစ်သိမ်းယူကာ ဒေသခံ လယ်သမားတွေထံ ပြန်လည်ပေးနိုင်ရေးအတွက် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ တနင်္သာရီတိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
2017-09-05
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီကနေ့မှာတော့ ဒီလှုပ်ရှားမှုကြီးမှာ စာပေအနုပညာအသိုင်းအဝန်းကို ဦးဆောင်ပါ ဝင်ခဲ့တဲ့ ကဗျာဆရာအောင်ဝေးရဲ့ ပြောပြချက်တွေကို ထုတ်လွှင့်မှာပါ။
2017-09-03
စက်တင်ဘာလ ၂ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာတော့ " ပဲဈေးကွက်နဲ့ စိန်ခေါ်မှုများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာမျိုးလွင် (ဗဟိုအလုပ်အမှုဆောင် - မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း )၊ ဒေါက်တာစိုးထွန်း (အလုပ်အမှုဆောင် - UMFCCI) နဲ့ ကိုဇေယျသူ (ဒုအယ်ဒီတာချုပ် - The Voice) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ်ပါတယ်။