တနင်္သာရီတိုင်းက ဆီအုန်းကုမ္ပဏီပြဿနာ


2017.09.05

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီတွေဟာ ဥပဒေနဲ့အညီ မြေတွေရယူခြင်းမရှိတာ၊ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီအောင် မစိုက်တဲ့မြေနေရာတွေကို ဥပဒေအတိုင်း စီစစ်သိမ်းယူကာ ဒေသခံလယ်သမားတွေထံ ပြန်လည်ပေးနိုင်ရေးအတွက် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ တနင်္သာရီတိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာကို မဝေယံမိုးမြင့် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။