သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-16
တပ်မတော်ဘက်က တိုက်ခိုက်မှုတွေရပ်ပေးဖို့ မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုနဲ့ကျောက်မဲမြို့တွေက စစ်ဆေးရေး ဂိတ်တွေကို သြဂုတ်လ ၁၅ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။
2019-08-16
သြဂုတ်လ ၁၅ ရက် မနက်ပိုင်းက ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခု တိုက်ခိုက်ခံရမှုအတွင်း အရပ်သား၊ ရဲနဲ့ တပ်မတော်ဘက်က ၁၅ ဦး ကျဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2019-08-16
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီးက မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒီကနေ့ သြဂုတ်လ ၁၆ ရက်နေ့မှာ ၇၃ ဦး ရှိသွားပြီလို့ သိရပါတယ်။
2019-08-16
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကနေ စစ်တွေမြို့ကိုထွက်ပြေးလာသူတွေဟာ ဒီရက်ပိုင်းအတွင်းမှာပဲ လူ ၁၅၀ လောက်အထိရှိနေပါတယ်။
2019-08-16
မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ပန်ဝါ အစရှိတဲ့မြို့နယ်တွေက ပြည်သူလူထုငါးရာခန့်က သီတာရပ်ကွက် ကားကြီးကွင်းဟောင်းကနေ မြို့ကိုတစ်ပတ်ပတ်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့တာပါ။
2019-08-15
ဒီတပတ်မှာတော့ ... အနယ်နယ် အရပ်ရပ်က RFA ပရိသတ်တွေက သူတို့ဒေသတွေမှာ အဆင်မပြေဖြစ်နေတာလေးတွေကို RFA ကနေတဆင့် သက်ဆိုင်ရာဌာနအသီးသီးတို့ကနေ ဖြေရှင်းပေးစေလိုတဲ့အနေနဲ့ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-08-15
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခဲ့တဲ့ လမ်းလျှောက်ဆန္ဒပြပွဲကို ဒီကနေ့ မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
2019-08-15
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေမူကြမ်းကို အဖွဲ့ဝင် ၄၅ ဦးပါ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ တပေါင်းတည်းဆွေးနွေးဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2019-08-14
Victoria လို့ အမည်ပေးထားတဲ့ အသက် သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ကျူးလွန်သူနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူက Victoria လေးကို ဖုန်းကင်မရာနဲ့ မေးမြန်းရိုက်ကူးထားတဲ့ တယ်လီဖုန်းကို တရားရုံးက သက်သေအဖြစ် လက်ခံလိုက်ပါတယ်။
2019-08-14
တိုင်းရင်းသားမျိုးနွယ်စု လူမျိုးအလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေပေမယ့် ဘယ်အချိန်မှာ ထုတ်ပြန်နိုင်မယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။
2019-08-14
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မလတ်တောင်ပြိုကျတဲ့နေရာမှာ မနေ့ကအထိ ရုပ်အလောင်း ၆၅ လောင်း ရှာဖွေတွေ့ရှိထားပါတယ်။
2019-08-13
မွန်ပြည်နယ် ပေါင်မြို့နယ်က မလတ်တောင်ပြိုကျမှုမှာ သေဆုံးသွားခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ၁၆ ဦးနဲ့ ဆေးရုံတက်ရောက်ကုသနေရတဲ့ ကျောင်းသား ၂၈ ဦးအတွက် ပညာရေးဝန်ကြီးဌာနက တစ်ဦးကို ငွေကျပ် ၃ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်း က ပြောပါတယ်။
2019-08-13
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းယော်ဒေသ ထီမံထိုကျေးရွာမှာ အိမ်ခြေ ၂ဝဝ ကျော် ရေကြီးနစ်မြုပ်မှုခံနေရသလို အနီးဝန်းကျင်က ကျေးရွာ ၂ဝ လောက်မှာလည်း ရေဘေးဒဏ်ခံနေရပါတယ်။
2019-08-13
တနင်္သာရီ၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ပွားလို့ လူသေဆုံးမှုဖြစ်ပွားတာအပြင် အိုးအိမ်ဆုံးရှုံးတာတွေပါရှိနေပါတယ်။
2019-08-12
၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲအပြီး ဖိနှိပ်မှုတွေကြောင့် ပြည်ပမှာ အဝေးရောက် ညွှန့်ပေါင်းအစိုးရ အဖွဲ့ NCGUB ကို ဖွဲ့စည်းပြီး နှစ်ပေါင်း ၃ဝ နီးပါး မြန်မာ့ဒီမိုကရေစီ အရေးကြိုးပမ်းခဲ့သူ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို ပထမဆုံးပြန်ရောက်လာပါတယ်။