သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-02
ရခိုင်ပြည်နယ်က ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ရခိုင်ရိုးမပေါ်က တိုင်းရင်းသားကျေးရွာတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-10-02
လယ်ယာမြေ အသိမ်းခံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အောက်တိုဘာလ ၁ ရက် ဒီကနေ့ ပြန်လည်စတင်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဒုတိယဝန်ကြီးတွေက အသီးသီး ရှင်းလင်းခဲ့ကြပါတယ်။ ဒီကြောင်း RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-10-02
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် ဒေသတွင်း ဝါး ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းတွေ တဝက်နီးပါး ကျဆင်းသွားတယ်လို့ ဝါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-10-02
မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ "The Vanishing Tribes of Burma" အမည်နဲ့ ဓာတ်ပုံပြပွဲတခုကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ကနေ ၃ဝ ရက်နေ့အထိ သုံးရက်ကြာ အခမဲ့ ပြသခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-02
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုးထားတဲ့ ယူကလစ်ပင် စိုက်ခင်းတွေကို ဝင်ရောက်ခုတ်ပစ်ခဲ့တဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက် နေ့မှာ ဝင်ရောက်ဖမ်းဆီးရာကနေ ရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပဋိပက္ခမှာ ပါဝင်သူတွေဟာ ကျည်တောင်ကန် ရဲစခန်းမှာ ပြီးခဲ့တဲ့ စနေနေ့က သွားရောက် အစစ်ဆေးခံခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-10-01
မွန်အမျိုးသားလုံး ပါဝင်နိုင်မယ့် ညီလာခံကျင်းပရေးနဲ့၊ တိုင်းပြည်မှာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံးအကြိမ် မွန်အမျိုးသား စုံညီ ညီလာခံကို မော်လမြိုင်မြို့မှာ ကျင်းပနေပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ဆက်ပေးထားပါတယ်၊
2013-10-01
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီသိမ်နဲ့ သာသနိက အဆောက်အအုံတွေ ထိန်းသိမ်းရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ပေးဖို့ သံဃာတွေနဲ့ လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတွေ မနေ့က မန္တလေးမြို့ကနေ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ လမ်းလျှောက်ဆန္ဒပြသူတွေ အကြား စစ်ကိုင်းမြို့မှာ သဘောတူညီချက် ရခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-10-01
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-10-01
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက ကောက်နှုတ် တင်ပြထားပါတယ်။
2013-10-01
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလား ဆိုတာကို ပြည်သူတွေရဲ့ သဘောထားဆန္ဒ ရယူပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက စက်တင်ဘာလ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-09-28
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့်အခမ်းအနားကို ရန်ကုန် ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘူးဆိုရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်နိုင်ပေမယ့်လို့ တရားမျှတမှု လုံးဝရှိမှာမဟုတ်ဘူးလို့ အခမ်းအနားအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောကြားချက်တွေထဲက တချို့ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။
2013-09-28
" မှတ်မှတ်သားသား စကားများ " အစီအစဉ် ကိုကျော်မင်းထွန်း စီစဉ်တင်ဆက်ထားပါတယ်၊
2013-09-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားတွေကို မန္တလေးနဲ့ နယ်မြို့တွေမှာလည်း ကျင်းပကြခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-09-28
အစိုးရက လယ်ယာမြေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတာနဲ့ ပတ်သက်ပြီး ဒီနေ့ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။