သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-24
၁၉၈၈ ဒီမိုကရေစီရေး လူထုအုံကြွမှုအတွင်း မော်လမြိုင်မြို့မှာ အစိုးရတပ်မတော်က အကြမ်းဖက် ပစ်ခတ်တဲ့အတွက် ကျဆုံးခဲ့သူတွေကို သတိရအောက်မေ့တဲ့အနေနဲ့ လွမ်းသူပန်းခွေချ ဆုတောင်းတဲ့ အခမ်းအနားကို မော်လမြိုင်မြို့မှာ သြဂုတ်လ ၂၂ရက်နေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
2017-08-24
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီကနေ့မှာတော့… သံဃာ့ လှုပ်ရှားမှု စတင်ပေါ်ပေါက်လာပုံနဲ့၊ ဒီလှုပ်ရှားမှုကြီးအတွင်း သံဃာတွေ ပေးဆပ်ခဲ့ရပုံတွေနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော် ဦးပညာသီဟရဲ့ ရှုမြင်မိန့်ကြားချက်တွေကို ထုတ်လွှင့်ပေးမှာပါ။
2017-08-24
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးအစီအမံတွေ ချမှတ် အကောင်အထည်ဖော်ဖို့ အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၅ ဦးက စတင် ဆွေးနွေးခဲ့ကြပါတယ်။
2017-08-23
မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စီမံကိန်း အကောင်အထည်မဖော်တော့တဲ့ သိမ်းဆည်းမြေတွေကို မူလပိုင်ရှင်တွေ လက်ထဲ ပြန်မပေးဘဲ မြို့နယ် အုပ်ချုပ်ရေးဌာန ဝန်ထမ်းတွေက ပိုင်ဆိုင်မှု လျှောက်ထားတာတွေ ရှိနေတယ်လို့ သိရပါတယ်။
2017-08-23
နေပါလီ ဂေါ်ရခါးအမျိုးသမီးတွေအတွက် အမျိုးသမီးအခွင့်အရေး တရပ်အဖြစ် သတ်မှတ်ထားတဲ့ (Teej) သိချ် ပွဲတော်လို့ခေါ်တဲ့ အမျိုးသမီးပွဲတွေ ကို မြန်မာနိုင်ငံ ဒေသအသီးသီးက နေပါလီဂေါ်ရခါးလူမျိုးတွေ နေထိုင်တဲ့ မြို့နယ်တွေမှာ အခုလ ၂ဝ ရက်နေ့က စပြီး ကျင်းပနေပါတယ်။
2017-08-23
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနနဲ့၊ တိရိစ္ဆာန်ဆေးကုနဲ့- သားသတ်ရုံများဌာနက လာဘ်ငွေတောင်းယူတယ် ဆိုပြီး ဝက်ဈေးခုံ လေလံ လုပ်ကိုင်သူ လုပ်ငန်းရှင် ၂ ဦးက ဇမ္ဗူသီရိမြို့နယ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-08-22
ကျေးလက်ဒေသတွေမှာ ဖွဲ့စည်းထားတဲ့ ကျေးလက်မီးလင်းရေး ကော်မတီတွေကို ဖျက်သိမ်းပြီး လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနလက်အောက်မှာ ပြန်လည်ထားရှိဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-08-22
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်တဲ့ ကလေးငယ်တွေကို ကျောင်းပြင်ပ ပညာရေးကျောင်းတွေ ဖွင့်လှစ်ပြီး သင်ကြားပေးနေတဲ့အကြောင်း RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
2017-08-22
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် … ဒီလှုပ်ရှားမှုကြီး ဘာကြောင့် ပေါ်ပေါက်လာ ပုံကြောင်း၊ လှုပ်ရှားမှုကြီး အရှိန် အဟုန် ကောင်းခဲ့တဲ့အကြောင်းနဲ့၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖမ်းဆီးခံခဲ့ရပုံအကြောင်း ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင် က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
2017-08-22
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှာ မိရိုးဖလာ ကျောက်သင်ပုန်းဈေးကွက် အလုပ် မဖြစ်တော့တဲ့အတွက် အဲဒီကျေးရွာက ကိုအောင်မိုးခိုင် ဆိုသူက ကျောက်သင်ပုန်းပေါ်မှာ ရေးထွင်းတဲ့ ကျောက်ပန်းချီ ကို တီထွင်လိုက်ပါတယ်။
2017-08-19
သြဂုတ်လ ၁၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ် မှာ"Hip Hop၊ Underground နဲ့ သူတို့ရဲ့ ဖြတ်သန်း မှုတွေအကြောင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မသဇင် (Hip Hop အဆိုတော်၊ YAK အဖွဲ့)၊ ကိုဇွဲသက်ပိုင် (Hip Hop အဆိုတော်၊ Legendary အဖွဲ့) တို့ကဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
2017-08-19
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုကို ဒီကနေ့ တရားရုံးမှာ စစ်ဆေးရာမှာ ဦးကိုနီရဲ့သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။
2017-08-19
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တရားရုံးမှာ မတရားသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံထားရတဲ့ အထဲမှာ သတင်းသမားသုံးဦးနဲ့အတူ အရပ်သား သုံးဦးလည်း ပါဝင်နေပါတယ်။
2017-08-19
မန္တလေးမြို့မှာ သပိတ်စခန်း ဖွင့်ခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့ တောင်သူ ကိုယ်စားလှယ်တွေကို အောင်မြေသာစံ မြို့နယ်တရားရုံးမှာ အာမခံ ယူကြဖို့ ဒီကနေ့ဆင့်ခေါ်ရာမှာ ၉ ဦးက အာမ,ခံယူပြီး ၂ ဦးက အာမ,ခံ မယူတဲ့အပြင် တရားခွင်ကို သပိတ်မှောက်ခဲ့ပါတယ်။
2017-08-19
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် RFA က တင်ဆက်နေရာမှာ ဒီကနေ့မှာတော့… ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ က ခေါင်းဆောင်တွေ ဖမ်းဆီးခံရပုံအကြောင်း အဖွဲ့ဝင်တဦးဖြစ်သူ မမီးမီးရဲ့ ပြောကြား ချက်တွေကို ကိုရဲစည်သူကာက တင်ပြပေးမှာပါ။