တရားစွဲခံရတဲ့ အရပ်သားယာဉ်မောင်းနှစ်ဦး
2017.08.19
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တရားရုံးမှာ မတရားသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံထားရတဲ့ အထဲမှာ သတင်းသမားသုံးဦးနဲ့အတူ အရပ်သား သုံးဦးလည်း ပါဝင်နေပါတယ်။ အဲဒီထဲက အရပ်သားယာဉ်မောင်း ၂ ဦးဟာ ပုဒ်မ၁၇/၁ အပြင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ပါ တရားစွဲခံထားရပါတယ်။ RFA သတင်းထောက် ကိုကံသာက သတင်းပေးပို့ထားပါတယ်။