သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-17
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုကြောင့် ပညာသင်ကြားရေးခက်ခဲတဲ့ ကလေးသူငယ်တွေနဲ့ မိဘမဲ့ကလေးတွေရဲ့ ပညာရေးအတွက် အဓိက အထောက်အကူပြု နေတာကတော့ "ဘက" လို့ လူသိများတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေပဲ ဖြစ်ပါတယ်။ မန္တလေးတိုင်း မလှိုင်မြို့နယ် ကျောက်တန်းစံပြကျေးရွာက "ဘက" ကျောင်း တစ်ခုအကြောင်းကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-08-17
မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာ ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာတွေ၊ ရခိုင်တွေနဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းမှ အောင်မြင်မယ်လို့ အမေရိကန် ပြည်ထောင်စုကိုရောက်နေတဲ့ "ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌက ပြောပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော် RFA သတင်းဌာနကို ရောက်ရှိလာတဲ့ ဦးအဘူတာဟေ့ရ်နဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-17
မွန်ပြည်နယ်မှာ မော်လမြိုင် - မုတ္တမကို ဆက်ထားတဲ့ "သံလွင်တံတား" ကို အချိန်ပြည့်သွားလာခွင့် ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါတယ်။ တချိန်တည်းမှာပဲ အရင်က မုတ္တမနဲ့ မော်လမြိုင် နှစ်ဖက်စလုံးမှာ ကုန်တင်ကုန်ချလုပ်ကိုင်ခဲ့ကြသူ အလုပ်သမားတွေနဲ့ ဈေးသည်တွေအကြား အလုပ်လက်မဲ့ပြဿနာတွေ များလာပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2013-08-16
ကချင်ပြည်နယ်မှာ ကျောက်စိမ်းထွက်ရာဒေသဖြစ်တဲ့ ဖားကန့်ဘက်ကိုသွားတဲ့ မြစ်ကြီးနား-မိုးကောင်းနဲ့ ဖားကန့်ကားလမ်းဟာ အခုနှစ်မိုးတွင်းမှာ သွားလာလို့မရအောင် လမ်းတွေဆိုးဆိုးဝါးဝါး ပိတ်ဆို့နေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-16
ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ၊ စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ရဲ့ ဈာပန အခမ်းအနားကို ရေဝေးသုဿန်မှာ သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၆ နာရီက ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်း က တင်ပြထားပါတယ်။
2013-08-16
အစ္စလာမ်ဘာသာရေးဆိုင်ရာ "အစ်"နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေက ဗုဒ္ဓဘာသာသံဃာ အပါးတစ်ရာနီးပါးကို ဒီနေ့နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-08-14
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေဟာ သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-14
စစ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးမှာ ယာဉ်တိမ်းမှောက်တာတွေ မကြာခဏဖြစ်တာကြောင့် သေမင်းတမန်လမ်းမကြီးလို့ ပြောဆိုနေကြပါတယ်။ အခြေအနေတွေသိရအောင် ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာမှူး ဦးမျိုးမြင့်နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး ဦးနေဝင်းတို့က ပြောပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။