သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-18
ရခိုင်ပြည်နယ်မှာ တပ်မတော်ကစစ်ကြောရေးဆောင်ရွက်စဉ် အသက်မသေဘဲကျန်ရစ်ခဲ့တဲ့ မြောက်ဦးမြို့နယ် က လက္ကာကျေးရွာသား ၂၃ ဦးကို စစ်တွေခရိုင်တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပါတယ်။
2019-07-18
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်ဆန္ဒပြလို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ အောင်သပြေကျေးရွာသား ကိုကျော်ဇေယျ ကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ဒီနေ့ ထောင်ဒဏ် သုံးလ ချမှတ်လိုက်ပါတယ်။
2019-07-18
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုကို ရက်ပေါင်း ၁၆ဝ အတွင်း အပြီးစစ်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2019-07-18
ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်မှုမြှင့်တင်ရေး ညီလာခံကို တက်ရောက်နေတဲ့ မြန်မာလူ့အခွင့်အရေးကွန်ရက် အမှုဆောင် ညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း ကို လက်ရှိ ရိုဟင်ဂျာအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA ရုံးချုပ်မှာ RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2019-07-18
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေမခံရအောင် ကလေးတွေကို ငယ်စဉ်ကနေစပြီး လိင်ပိုင်းဆိုင်ရာအသိပညာပေး Sex Education သင်ကြားပေးဖို့ လိုအပ်နေပြီလို့ ပညာရှင်တချို့က ထောက်ပြပြောဆိုလာကြပါတယ်။
2019-07-17
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပေမယ့် ပုဒ်မ ၅၉ အပါအဝင် ပုဒ်မတချို့ကို မူလအတိုင်းပဲထားရှိရေး မန္တလေးမြို့မှာ အမျိုးသားရေးလှုပ်ရှားသူ ဦးကျော်မျိုးရွှေ ဦးဆောင်ပြီး လူအင်အား ၅၀၀ လောက်က ဒီနေ့မနက် ဆန္ဒပြခဲ့ကြပါတယ်။
2019-07-17
ပြည်ထောင်စုလွှတ်တော်ထံ တင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲကို တစ်နေ့တည်း၊ တစ်နေရာတည်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
2019-07-17
စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကို အစိုးရက တိုက်တွန်းလိုက်ပါတယ်။
2019-07-17
ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။
2019-07-17
၅၇ ကြိမ်မြောက် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်နဲ့ ရန်ကုန်တက္ကသိုလ် တကသ ရင်ပြင်မှာ ချီတက်အလေးပြုခဲ့တဲ့ ဗကသ နဲ့ တကသ ကျောင်းသား စုစုပေါင်း ရှစ်ယောက်ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉နဲ့ တရားစွဲဆိုထားတာကို ရုပ်သိမ်းဖို့ ကျောင်းသူ၊ ကျောင်းသား ၅၀ ကျော် က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2019-07-17
အခြေခံလူတန်းစားတွေအတွက် နေ့စဉ် စားဝတ်နေရေးလုံးပန်းနေရတာမို့ ကျန်းမာရေးအသိပညာပိုင်းမှာ အားနည်းနေသလို သူတို့ဘဝတွေအတွက် အစိုးရက ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုနဲ့ လုံလောက်တဲ့ ဆေးဝါးပေးမှုတွေက အားနည်းနေတာ တွေ့ရပါတယ်။
2019-07-16
ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးဖို့ ခွင့်မပြုထားတဲ့ မြို့နယ်တွေမှာ ဥပဒေနဲ့အညီ ဆိုင်ကယ်စီးနင်းခွင့်ရဖို့ ကြိုစားနေကြပါတယ်။
2019-07-16
ရန်ကုန်မြို့နဲ့ ဒလမြို့ကို အချိန်မရွေး ဆက်သွယ်သွားလာနိုင်မယ့် တံတားကြီးကို အစိုးရက စတင် တည်ဆောက်နေရာမှာ ၂၀၂၀ ပြည့်နှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ တံတားတည်ဆောက်တာနဲ့ ပတ်သက်လို့ ဒေသခံတွေအကြားမှာ စိတ်ခံစားမှု အမျိုးမျိုးဖြစ်ပေါ်နေရာမှာ အလုပ်အကိုင် ပျောက်ဆုံးမှာ စိုးရိမ်သူတွေရှိသလို အလုပ်အကိုင်အခွင့်အလမ်း တိုးများလာမှာကို မျှော်လင့်ကြသူတွေရှိနေပါတယ်။
2019-07-15
တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံက နစ်နာကြေးအပြည့်အဝမပေးဘဲ စက်ရုံပိတ်သိမ်းမယ်ဆိုပြီး ကြေညာလိုက်တဲ့ကိစ္စကို ဖြေရှင်းပေးဖို့ စက်ရုံအလုပ်သမားတွေက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီနေ့ တောင်းဆိုခဲ့ကြပါတယ်။
2019-07-15
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။