သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-08
ရှမ်းပြည်နယ်အတွင်း လူဦးရေနဲ့ သန်းခေါင်စာရင်း ကောက်ခံရရှိထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက တောင်ကြီးမြို့ မြို့တော်ခန်းမမှာ အောက်တိုဘာလ ၆ ရက်နေ့က ရှင်းပြခဲ့ပါတယ်။
2015-10-08
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သိရှိမှု အားနည်းနေတဲ့အပြင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခြိမ်းခြောက် ဖိအားပေးပြောဆိုမှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေ သွားရောက်မဲဆွယ်စည်းရုံးတဲ့အခါမှာ ဒေသခံရွာသားတွေက လက်မခံကြဘူးလို့ သိရပါတယ်။
2015-10-08
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးဟာ ဒီနေ့ ပေါင်မြို့နယ်၊ နတ်ကြီးချောင်းကျေးရွာက ဘောလုံးကွင်းမှာ မဲဆွယ်စည်းရုံး ဟောပြောခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
2015-10-08
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ ရေကြည်-ညောင်ပင် စံပြကျေးရွာအုပ်စုထဲက တချို့ရွာတွေမှာ အခုချိန်အထိ မဲဆန္ဒရှင်စာရင်း ကပ်မထားသေးတဲ့အတွက် ဒေသခံတွေ မဲပေးဖို့ အခက်အခဲရှိနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2015-10-08
ရန်ကုန်တိုင်း လိူင်သာယာမြို့နယ်မှာရှိတဲ့ ဗစ်တိုရီးယားကုန်တိုက်က အလုပ်သမားတွေဟာ အစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလုပ်ခ တရက်ကျပ် ၃၆ဝဝ ရရှိဖို့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-10-08
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို ထုတ်လွှင့်ပေးနေပါတယ်။
2015-10-07
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်က မဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက သင်တန်းပို့ချခဲ့ပါတယ်။
2015-10-07
မကွေး-နတ်မောက် မီးရထားလမ်း ဖောက်လုပ်ရေးအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပချိန်နီးကာမှ လျော်ကြေးထုတ်ပေးနေတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်သလို ရရှိတဲ့လျော်ကြေးကလည်း ကာလတန်ဖိုးနဲ့ မညီမျှဘူးလို့ မကွေးဒေသခံတွေက ပြောပါတယ်။
2015-10-07
ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမလဲ ဆိုတဲ့နည်းလမ်းတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ဒေသခံတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရှင်းပြခဲ့ပါတယ်။
2015-10-07
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို ထုတ်လွှင့်ပေးနေပါတယ်။ ဒီကနေ့ အလှည့်ကျတာကတာ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။
2015-10-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရန်ကုန်မြို့ ၃၂ လမ်းမှာ အောက်တိုဘာလ ၆ရက် ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2015-10-07
တနင်္သာရီတိုင်းအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးဟာ အောက်တိုဘာလ ၆ ရက်နေ့က တနင်္သာရီမြို့နယ် ပဝကျေးရွာမှာ မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-07
ကချင်ပြည်နယ်ကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၅ ရက်က ဗန်းမော်မြို့မှာ ဟောပြောခဲ့ပြီး ဒီကနေ့ မိုးမောက်မြို့မှာ ဟောပြောခဲ့ပါတယ်။
2015-10-06
အမျိုးဘာသာသာသနာစောင့်ရှောက်ရေး မဘသ အဖွဲ့က အမျိုးစောင့်ဥပေဒတွေ ပြဋ္ဌာန်းနိုင် တဲ့ အောင်ပွဲအခမ်းအနားကို ရန်ကုန်မြို့သုဝဏ္ဍ အားကစားရုံ မှာ အောက်တိုလ ၄ ရက်က ကျင်းပခဲ့ ပါတယ်။
2015-10-06
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွ့ဲတို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်က အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာမှာ လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ကြပါတယ်။