ရွေးကောက်ပွဲ အသိပညာပေးလှုံ့ဆော်မှုများ
2015.10.07
ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမလဲ ဆိုတဲ့နည်းလမ်းတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ဒေသခံတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရှင်းပြခဲ့ပါတယ်။ အလားတူ ရန်ကုန်တိုင်း အလုံမြို့နယ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက မဲပေးပုံမဲပေးနည်းတွေကို ရှင်းပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်ပြီး တင်ပြပေးမှာပါ။