သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-05
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များအဖွဲ့ အပါအဝင် အဖွဲ့ ၅ ဖွဲ့က လူပုဂ္ဂိုလ် ၁၅ ဦးဟာ... "၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မှားယွင်းတဲ့ ကိန်းဂဏန်းတွေနဲ့ ပြည်သူ့ဆန္ဒခံယူပြီး ပြဋ္ဌာန်းခဲ့တယ်" ဆိုပြီး နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ နိုင်ငံတော်ကို တရားစွဲဆိုဖို့ ဒီနေ့ ပြင်ဆင်ခဲ့ပါတယ်။
2017-07-04
ထိုင်းအစိုးရရဲ့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေကြောင့် နေရပ်ပြန်လာတဲ့ မြန်မာအလုပ် သမားတွေထဲမှာ ပွဲစားတွေကို ငွေကြေးပေးပြီး ပြန် လာကြသူတွေများနေပါတယ်။
2017-07-04
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ကျေးရွာ ၅ ရွာကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး နေအိမ်တွေ ဖယ်ရှားလိုက်တဲ့အတွက် ရဲမွန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှာ ခိုလှုံနေသူတွေကို အစိုးရအဖွဲ့က နေစရာမြေကွက် ပြန်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်နေတာ မဟုတ်မှန်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
2017-07-04
စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေတဲ့ ကသည်းသူပုန်တွေကို ရှင်းလင်း ဖယ်ရှားပေး ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို တင်ပြသွားမယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က သတင်းမီဒီယာသမားတွေကို ပြောလိုက်ပါတယ်။
2017-07-04
အမေရိကန်သမ္မတဟောင်း ဂျော့ ဒဗလျူ ဘုရှ် တည်ထောင်ထားတဲ့ လူငယ်ခေါင်းဆောင် အရည်အချင်း မြှင့်တင်ရေး သင်တန်းအတွက် မြန်မာ့နိုင် ငံရေး လူမှုရေးနယ်ပယ်က လူငယ်ခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စု ကို ခေတ္တ ရောက်ရှိနေကြပါတယ်။
2017-07-02
ဇူလိုင်လ ၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့်နဲ့ သတင်းရယူပိုင်ခွင့် " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုသာလွန်ဇောင်းထက် (မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ)နဲ့ ကိုငြိမ်းချမ်းနိုင် (နိုင်ငံခြား သတင်းထောက်) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တယ်လီဖုန်း ကနေတဆင့် ဆွေးနွေးမယ့်သူကတော့ ကိုကျော်စွာနိုင် (ဗြိတိသျှကိုကိုမောင်) ဖြစ်ပါတယ်။
2017-07-01
သတင်းသမားတွေ ဖမ်းဆီးထောင်ချခံနေရတာကို ကန့်ကွက်ပြီး၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖျက်သိမ်းရေး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-07-01
ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေကို အာမခံချက်ပေးနိုင်တဲ့ ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ အစီအမံတွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်း လိုက်ပါတယ်။
2017-07-01
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားက နောက်ဖေးလမ်းကြားကို ကလေးတွေကစားနိုင်အောင်နဲ့ နေချင်စဖွယ်ဖြစ်အောင် အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အလှဆင် ထားပါတယ်။
2017-07-01
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-07-01
မြန်မာနိုင်ငံမှာ သစ်တောတွေ လုံးဝပျောက်ကွယ်သွားတာနဲ့၊ ရှိရင်းစွဲ သစ်တောတွေမှာ သစ်ပင်ကြီးတွေမရှိတော့ဘဲ သစ်တောအတန်းအစား ညံ့လာတဲ့ သစ်တောပြုန်းတီးမှုအခြေအနေ ၂ ရပ်ကို ရင်ဆိုင်နေရပါတယ်။
2017-06-30
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က မြန်မာနိုင်ငံကို အချက်အလက်ရှာဖွေရေး အဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ အနေနဲ့ လက်မခံတာကြောင့် ပူးပေါင်းဆောင်ရွက် မှာ မဟုတ်ကြောင်းနဲ့၊ အဲဒီ အဖွဲ့ဝင်တွေကို လာရောက်ခွင့်မပြုဖို့ မြန်မာသံရုံးတွေကို ညွှန်ကြားပြီး တားဆီးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ပြောလိုက်ပါတယ်။
2017-06-30
ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇွန်လ ၂၉ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
2017-06-30
မန္တလေးတိုင်းအတွင်းက မြေယာပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးဖို့နဲ့၊ ဖမ်းဆီးခံထားရတဲ့ တောင်သူလယ်သမားတွေကို လွှတ်ပေးဖို့အတွက် မန္တလေးမြို့မှာ တောင်သူတထောင်ကျော် ဇွန်လ ၂၉ရက်နေ့က ဆန္ဒပြခဲ့ ကြပါတယ်။
2017-06-30
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက် တရားမဝင် သစ်ခိုးထုတ်နေတာတွေကို ဖမ်းဆီးတာတွေ အရင်ကထက် ပိုပြီး လုပ်ဆောင်လာသလို၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဖမ်းဆီးတာတွေလည်း ရှိလာနေပါတယ်။