သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-15
ဧပြီလ (၁၃) ရက်နေ့၊ သြင်္ကန်အကြိုနေ့ ညပိုင်းမှာ ရန်ကုန်မြို့က သံချပ်အဖွဲ့တွေဟာ သြင်္ကန်မဏ္ဍပ်တွေမှာ သံချပ်တွေနဲ့ ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြပါတယ်။
2017-04-15
မန္တလေးမြို့မှာ သြင်္ကန်အကြိုနေ့တရက်ထဲမှာတင် ယာဉ်မတော်မဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ တရာကျော် ဆေးရုံကိုရောက်ရှိခဲ့ပြီး တဦးသေဆုံးခဲ့ပါတယ်။
2017-04-15
နေပြည်တော်ကောင်စီနယ်မြေမှာ အခုနှစ်သြင်္ကန်ကာလအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ဝဝ ကျော် ချထားသလို၊ သြင်္ကန်မတိုင်ခင်ကတည်းက လိင်စိတ်ကြွဆေး နဲ့ မူးယစ်ဆေးဝါးတွေကို ရှာဖွေဖမ်းဆီးခဲ့တယ် လို့ နေပြည်တော်ရဲတပ်ဖွဲ့က ပြောပါတယ်။
2017-04-15
ရခိုင်လူမျိုးတွေဟာ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပါယ်ပွဲတွေ ကျင်းပပြုလုပ်ပြီးမှ သြင်္ကန်ရေသဘင်ပွဲတော်ကို စတင် ဆင်နွှဲလေ့ရှိကြပါတယ်။
2017-04-14
NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ သြင်္ကန်သံချပ်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက စိစစ်ပြီးမှ ခွင့်ပြုမယ်ဆိုတဲ့ ကိစ္စဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြော ဆိုဝေဖန် ထောက်ပြ ခွင့်ကို ထိခိုက်စေမလား ဆိုပြီး မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။
2017-04-13
နေပြည်တော်က မြို့တော်ဝန် သြင်္ကန်မဏ္ဍပ်မှာ အရင်နှစ်တွေတုန်းက ပြည်သူတွေ ဝင်ရောက်ကစားခွင့်မရှိခဲ့ပေမယ့်၊ အခုနှစ်မှာတော့ ပြည်သူတွေ ပါဝင်ကစားခွင့်ရအောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
2017-04-13
၂ဝ၁၇ ခုနှစ် မဟာသြင်္ကန်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်မှာ ဒီကနေ့ မနက်အစောပိုင်းက ပြုလုပ်ခဲ့ရာမှာ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
2017-04-13
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ ဒုဋ္ဌဝတီမြစ်ကို အမှီပြုပြီး အသက်မွေးနေကြရတဲ့ လှေသမားအများစုဟာ ဒေသအတွင်း သစ်ရှားပါးလာမှုကြောင့် သစ်သားလှေတွေ နေရာမှာ သံနဲ့လုပ်တဲ့ လှေတွေကို အစားထိုး သုံးစွဲလာနေကြရပါတယ်။
2017-04-13
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဝင်းအတွင်းမှာရှိတဲ့ ဖျော်ဖြေရေးလုပ်ငန်းအားလုံးကို ဧပြီ ၁၁ ရက်နေ့ည ၁၂ နာရီနောက်ဆုံး ပိတ်သိမ်းပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။ အဲဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး ဖျော်ဖြေရေးလုပ်ငန်းရှင်တွေဖက်က မနေ့ညက သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2017-04-13
သြင်္ကန်သံချပ်စာသားတွေကို ဆင်ဆာတင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားတဲ့အတွက် ဒီအပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
2017-04-13
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ၊ လူငယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပါဝင်တဲ့ "မြင်တာကို တည့်တည့်ပြောမယ်" သံချပ်အဖွဲ့ဟာ သြင်္ကန်ကာလအတွင်း လှည့်လည်ဖျော်ဖြေဖို့ လေ့ကျင့်နေပါတယ်။
2017-04-12
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းက ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး NRPC ရုံးမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-04-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်တောရွာနေ လူငယ်တွေရဲ့ စကားဝိုင်းကို နေပြည်တော် MICC ခန်းမ-၂ မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-04-12
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးဟာ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ကျန်နေတဲ့ အဖွဲ့တွေ ပါဝင်လာဖို့ အလား အလာကောင်းတဲ့ အနေအထားရှိတယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောလိုက်ပါတယ်။
2017-04-12
UWSA ဝ,ပြည်ေ သွးစည်းညီညွတ်ရေးတပ်မတော်ရဲ့ လားရှိုးမြို့က ဆက်ဆံရေးရုံးကို ရဲတပ်ဖွဲ့က ဧပြီလ ၈ ရက်နေ့မှာ ဝင်ရောက်ရှာဖွေ စစ်ဆေးတာကို ကန့်ကွက်ကြောင်းနဲ့၊ ဒီအပြုအမူအတွက် ပြန်လည် တောင်းပန်ဖို့ ဝ,အထူးဒေသ-၂ က ဧပြီလ ၉ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။