သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-18
RFA ကို ရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်အတွက် ဒီတပတ်မှာ... ရခိုင်ပြည်နယ်၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-04-17
လက်ရှိအခြေအနေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆွေးနွေးကြခြင်းအားဖြင့်သာ အဖြေရနိုင်မယ်လို့ AA ရခိုင့်တပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောလိုက်ပါတယ်။
2019-04-17
"ဝ" ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ အစိုးရကိုတောင်းဆိုပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကြိုးစားအားထုတ်သွားမှာဖြစ်ကြောင်း UWSP အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်း က ပြောလိုက်ပါတယ်။
2019-04-17
မြန်မာနိုင်ငံနေရာ ဒေသအသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၉၅ဝဝ ကျော်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ဒီနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-04-17
အသက် ၁၈ နှစ်မပြည့်ခင် တပ်မတော်ထဲဝင်ရောက်ခဲ့ပြီး တပ်ကနေ ပြန်လည်ထွက်ပြေးခဲ့တာကြောင့် တပ်ပြေးမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရသူ ကိုမြင့်စိုးလည်း ဒီနေ့ ရန်ကုန်အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
2019-04-16
သံချပ်စာသား ဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့ လေးဖွဲ့ကို နိုင်ငံရေးအင်အားစုတွေက ဖိတ်ကြားခဲ့တာကြောင့် ဧပြီ ၁၅ရက်နေ့ မနေ့က ညနေပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့မှာ ဖျော်ဖြေခဲ့ပါတယ်။
2019-04-16
အိုးဝေသံ သံချပ်အဖွဲ့ သံချပ်စာသား ဆင်ဆာမတင်တဲ့ အိုးဝေသံ၊ ဒေါင်းတို့မျိုးဆက်၊ ကျောင်းနံရံနဲ့ ဒို့အသံ သံချပ်အဖွဲ့တွေဟာ ဧပြီ ၁၆ ရက် မနေ့ညနေက မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့မှာ စုပေါင်းဖျော်ဖြေခဲ့ပါတယ်။
2019-04-16
ဒဂုံတက္ကသိုလ်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းနံရံ သံချပ်အဖွဲ့ဟာ မနေ့ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့မှာ ဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့ ၃ ဖွဲ့နဲ့ အတူ ဖျော်ဖြေခဲ့ပါတယ်။
2019-04-16
သြင်္ကန်ရက်အတွင်းမှာ ဘယ်သူမဆို ဝင်ရောက်စားသုံးနိုင်တဲ့ စတုဒီသာ အလှူတွေကို တစ်ယောက်ချင်းဖြစ်ဖြစ်၊ စုပေါင်းပြီးဖြစ်ဖြစ် အလှူပေးကြပါတယ်။
2019-04-15
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က အဖွဲ့ဝင်လေးဦးကို ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုလိုက်ပါတယ်။
2019-04-15
UWSP/ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ဧပြီလ ၁၇ ရက်နေ့မှာ ကျင်းပမယ့် "ဝ"ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားအတွက် အကြိုပြင်ဆင်တဲ့ စစ်ရေးပြအခမ်းအနားကို ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2019-04-14
သံချပ်စာသားတွေကို ဆင်ဆာမတင်ဘဲ လှည့်လည်ဖျော်ဖြေနေတဲ့ "အိုးဝေသံ" သံချပ်အဖွဲ့ဟာ ဒီနေ့ သြင်္ကန်အကျနေ့မှာ မြောက်ဒဂုံမြို့နယ် တော်ဝင်အိမ်ယာမှာ ဖျော်ဖြေပါတယ်။ သံချပ်အဖွဲ့တွေကို တားဆီးပိတ်ပင်တာဟာ အစိုးရအပါအဝင် ပြည်ထဲရေးရဲ့ လုပ်ပုံလုပ်နည်း အမှားတွေကြောင့် ဖြစ်တယ်လို့ အိုးဝေသံ သံချပ်အဖွဲ့ ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောလိုက်ပါတယ်။
2019-04-14
မန္တလေးမြို့မှာ ကျင်းပတဲ့ တောသြင်္ကန်အကြောင်း RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာကို မသက်စုအောင်က တင်ပြထားပါတယ်။
2019-04-14
ဆယ်စုနှစ်တစ်ခုကျော်အကြာ ရေကစားမဏ္ဍပ်တွေ ခွင့်မပြုခဲ့တဲ့ ရန်ကုန်မြို့ အင်းလျားလမ်းကို ၂၀၁၉ ခုနှစ် ဒီနှစ်မှာတော့ တိုင်းရင်းသား ရိုးရာလမ်းလျှောက်သြင်္ကန်နဲ့ ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။
2019-04-13
မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အများစုမှာ အခုနှစ် သြင်္ကန်ကာလအတွင်း အပူချိန်တွေ ပိုပြီးမြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။