သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-02
တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၃ ခုနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသား များ ဖက်ဒရေးရှင်း- NBF က ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကာလ နဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ ရပ်တည်သွားမယ့် အဖွဲ့ရဲ့သဘောထားနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
2015-09-02
ရခိုင်ဂီတအစည်းအရုံး (ယာယီ) က အနုပညာရှင်တွေဟာ ရေဘေးဒဏ် ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေက ကျေးရွာပေါင်း ၂ဝ အတွက် ဆန်နဲ့ သောက်ရေသန့်တွေကို မနေ့က သွားရောက်ပြီးလှူဒါန်းပြီး တေးဂီတတွေနဲ့လည်း ဖျော်ဖြေအားပေးခဲ့ကြပါတယ်။
2015-09-02
မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသမှာ လက်ရှိ အနေအထားထက်ပိုပြီး ဆိုးဝါးတဲ့ ရေကြီးရေလျှံ တာတွေကြုံတွေ့ဖို့ အလားအလာနည်းပါးသွားပြီလို့ မိုလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြော ကြားလိုက်ပါတယ်။ ဒါပေမဲ့ မုန်းချောင်းတလျှောက် က ဒေသခံပြည်သူတွေကတော့ ရေဘေးအတွက် စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
2015-09-02
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ သမဝါယမဦးစီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် မူလပိုင်ရှင် တောင်သူ ၂ဝ ကျော်က မန္တလေးမြို့ ပြည်သူ့ဟစ်တိုင်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-09-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ရေဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အထောက်အပံ့နဲ့သာ ရပ်တည်နေရပြီး၊ ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီတွေ အများကြီးလိုအပ်နေပါတယ်။
2015-09-02
လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ရန်ကုန်ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီကနေ့ ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2015-09-02
ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြဋ္ဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ နိုင်ငံသားအခွင့်အရေးကို ထိခိုက်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။
2015-09-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နေပြည်တော်ကောင်စီနယ်မြေ- ဥတ္တရ သီရိ၊ ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ မနေ့ က ရွေးကောက်ပွဲ အသိပညာပေး ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။
2015-09-01
ရွေးကောက်ပွဲနေ့မှာ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေ ရန်ကုန်မြို့ ရွှေလီလမ်း က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-08-31
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိ သူစာရင်းတွေကို လာမယ့် စက်တင်ဘာ လလယ်လောက်မှာ ထုတ်ပြန် မှာဖြစ်ပြီး၊ မဲစာရင်းထဲမှာ မှားယွင်းနေတာတွေရှိရင်လည်း ပြင်ဆင်လို့ရသေးတဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါ တယ်။
2015-08-31
တအာင်း-ပလောင် တိုင်ရင်းသားတွေရဲ့ ၄၃ ကြိမ်မြောက်စာပေနေ့ကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ပလောင်စာပေနဲ့ယဉ်ကျေးမှုခမ်းမမှာ သြဂုတ်လ ၃ဝ ရက်- မနေ့က ကျင်းပခဲ့ပါတယ်။
2015-08-31
ဓနုတိုင်းရင်းသား အမျိုးသားနေ့နဲ့ ခေတ်သစ် ဓနုရိုးရာဝတ်စုံ သတ်မှတ်ဖို့အတွက် ဓနုစာပေနဲ့ယဉ်ကျေးမှုအသင်းချုပ်က ဦးဆောင်ပြီး တောင်ကြီးမြို့ နဝရတ်ခန်းမမှာ သြဂုတ်လ ၃ဝ ရက်-မနေ့က ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-08-28
မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်တွေအတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က လှူဒါန်းတဲ့ပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို သြဂုတ်လ ၂၈ ရက်နေ့က ရောက်ရှိလာပါတယ်။
2015-08-28
ရွှေပြည်သာမြို့နယ်က အလုပ်သမားသပိတ်ခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်တို့ကို တောင်ဥက္ကလာပ မြို့နယ်တရားမှာ သြဂုတ်လ ၂၈ ရက်နေ့က ရုံးထုတ်ရာမှာ တကသကျောင်းသားတွေက… မတရားတဲ့ ဥပဒေအားလုံးကို ကန့်ကွက်ကြဖို့ တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2015-08-28
မန္တလေးမြို့က လူသွားလမ်း ပလက်ဖောင်းတွေပေါ်မှာ ပန်းချီဆရာတဦး ရေးဆွဲဖန်တီးထားတဲ့ သုံးဖက်မြင်- ရုပ်လုံးကြွ 3D ပန်းချီတွေကို စိတ်ဝင်တစား သွားရောက်ကြည့်ရှုသူတွေ များနေပါတယ်။