သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-28
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-08-28
မသန်စွမ်းသူတွေအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ မဲပေးတဲ့အခါ အဆင်ပြေစေဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။
2015-08-28
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-08-28
လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ကာကွယ်စောင့်ရှောက်နေသူတွေ ဖမ်းဆီးခံနေရတာတွေ အဆုံးသတ်ရေး ဆွေးနွေးပွဲတစ်ခုကို ရန်ကုန် ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ သြဂုတ်လ ၂၇ ရက်၊ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-08-28
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်မှာ လုံခြုံရေးဆောင်ရွက်ရမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးက မြို့နယ်အသီးသီးက ရဲတပ်ဖွဲ့မှူးတွေကို ဒီနေ့ခေါ်ယူပြီး ရှင်းပြခဲ့ပါတယ်။
2015-08-28
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် အစိုးရက ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
2015-08-28
ညောင်ရွှေမြို့နယ် မိုင်းသောက်အင်းကျေးရွာအရှေ့ဘက်က မြေ ၄၅ ဧကကို Myanmar Naing Group ကုမ္ပဏီက ဟိုတယ်ဆောက်ခွင့် လျှောက်ထားတာကို ခွင့်မပြုဖို့ ဒေသခံတွေက လက်မှတ်ထိုး ကန့်ကွက်လိုက်ကြပါတယ်။
2015-08-27
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကနေ မနေ့က အနားယူလိုက်တဲ့ ဦးမောင်မောင်အုန်းဟာ စစ်တွေမြို့ဒေသခံတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ရာမှာ လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် အကြောင်း ပြောခဲ့ပါတယ်။
2015-08-27
မကွေးတိုင်းအတွင်း ဆည်တမံတွေ ရေလျှံခဲ့တဲ့အတွက် ဒေသခံတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေ ထိခိုက်နစ်နာပြီး၊ အလုပ်လက်မဲ့ ပြဿနာတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။
2015-08-27
အခုရက်ပိုင်းအတွင်း မန္တလေးတိုင်း မိတ္ထိလာမြို့နယ်ဘက်ကနေ ထွက်လာပြီး ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့နယ်တွေထဲကို ရောက်ရှိလာတဲ့ တောရိုင်းဆင် ၆ ကောင်ကို ဖမ်းဆီးဖို့ အစိုးရသစ်တောဌာနက ကြိုးပမ်းနေပါတယ်။
2015-08-27
မန္တလေးမြို့မှာ စစ်ပြေးဒုက္ခသည် ကလေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးတွေကို လှူဒါန်းဖို့အတွက် ပန်းချီဆရာ ၅ဝ စုစည်းပြီး ရန်ကုန်မြို့ နဝဒေးလမ်းက Think Art Gallery မှာ ပန်းချီပြပွဲ တခု ပြုလုပ်နေပါတယ်။
2015-08-27
စွန့်ဦးတီထွင်မှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ရေးအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမျိုးသမီးလုပ်ငန်းရှင်တွေ ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးခဲ့ကြပါတယ်။
2015-08-27
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ အစဉ်အလာမပျက် ကျင်းပနေတဲ့ တောင်ပြုံးပွဲကို ဒီကနေ့ စတင်နေပြီဖြစ်ပါတယ်။ လာမယ့်သြဂုတ်လ ၃ဝ ရက်နေ့အထိ ကျင်းပမယ့် ဒီပွဲတော်မှာ အနယ်နယ်အရပ်ရပ်က လာရောက်အဓိဋ္ဌာန်ပြုသူတွေ၊ လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။
2015-08-26
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေထွက်ပေးဖို့ ဆန္ဒပြခဲ့တဲ့ အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-ခ နဲ့ တရားစွဲခံထားရတဲ့ တကသ ကျောင်း သားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ ဒီနေ့ ငါးကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2015-08-26
"သြင်္ကန်မိုး" အပါအဝင် ဂန္တဝင်မြောက် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးခဲ့တဲ့ ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာမောင်တင်ဦးဟာ သြဂုတ်လ ၂၄ ရက်နေ့က မန္တလေးမြို့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။