သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-19
“လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို အလျင်အမြန် မဆွေးနွေး သင့်ကြောင်း” လွှတ်တော်တွင်းမှာရှိတဲ့ နိုင်ငံရေး ပါတီ ၁၉ ပါတီထဲက ၁၃ ပါတီက ကိုယ်စား လှယ်တွေက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကို တင်ပြခဲ့ကြတယ်လို့ သိရပါ တယ်။
2015-08-19
ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း အသက် စတေးခဲ့ရသူတွေနဲ့၊ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ကမ္ဘာ့လူသားချင်း စာနာမှုနေ့” အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပန်းဝါလမ်းက ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်နေအိမ်မှာ သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-08-19
ချင်းပြည်နယ်မှာ မိုးကြီးပြီး မြေပြိုကျခဲ့တာကြောင့် လူနေအိမ်တွေပျက်စီးခဲ့ပြီး၊ ဒုက္ခရောက်နေသူတွေကို ကုလသမဂ္ဂအဖွဲ့အစည်းက စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီနေသလို ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။
2015-08-19
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ကျောင်းသားတွေဟာ ပြင်ပကျုရှင် မယူနိုင်တာကြောင့် ပညာသင်ကြားရာမှာ အခက်အခဲတွေ ရှိနေပါတယ်။
2015-08-19
ချင်းပြည်နယ် ဒေသအတော်များများမှာ မြေပြိုကျ ခဲ့တာကြောင့် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စီမံခန့်ခွဲရေး အခက်အခဲတွေရှိနေတယ်လို့ ပြည်နယ်ရွေးကောက် ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
2015-08-19
ချင်းပြည်နယ် ဟားခါးမြို့မှာ မြေပြိုမှုကြောင့် နေအိမ်အလုံး ၇ ရာကျော် ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေး စခန်း ၇ ခုမှာ လူဦးရေ လေးထောင်ကျော် နေထိုင်နေကြရပါတယ်။
2015-08-19
နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းက ယုဒဿန်ခန်းမမှာ သြဂုတ် လ ၁၅ ရက်နေ့က ကျင်းပခဲ့ရာမှာ လူငယ်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ရေဘေးကယ်ဆယ်ရေးအတွက် ရန်ပုံငွေရှာဖွေပွဲပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။
2015-08-19
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားတာမဟုတ်ဘဲ၊ တာဝန်တွေကို အလှည့်ကျပြောင်းယူတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌဖြစ်လာတဲ့ ဦးဌေးဦးက ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်
2015-08-19
လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ကျောက်တံတားမြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပြီး တရားလိုဘက်က သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။
2015-08-19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို NLD အနေနဲ့ လက်မခံကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲပြု လုပ်ပြီး ပြောလိုက်ပါတယ်။
2015-08-18
ရေဘေးသင့်ဒေသတွေအတွက် ပြည်သူ့လွှတ်တော်က ဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ထည့် ဝင်လှူဒါန်းတဲ့ ငွေကျပ်သိန်းလေးရာကျော်ကို ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှာ ဒီနေ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
2015-08-18
အစိုးရက ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေဖို့ဆိုပြီး ဆန်ကို ပြည်ပတင်ပို့ခွင် ယာယီပိတ်ပင်လိုက်တာ ကြောင့် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာ ဆန်ဈေးကျ မသွားဘဲ ဈေးတွေမြင့်တက်လာနေပါတယ်။
2015-08-18
တပ်ပိုင်မြေကျူးကျော်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မစုစုနွေးကို ဒီနေ့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး မှာ ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇ နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ပြီး၊ ချုပ်ရက် ၁၅ ရက်ရှိနေပြီဖြစ်တဲ့အတွက် လွတ်မြောက်လာပါတယ်။
2015-08-18
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက မိုးအဆက်မပြတ် ရွာသွန်းတဲ့ အတွက် ဟားခါးမြို့က ရပ်ကွက်အားလုံးနီးပါး မြေပြိုခဲ့ပြီး အိမ်ခြေ တထောင်ကျော် ပျက်စီးခဲ့ပါတယ်။
2015-08-18
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းနဲ့ ပါတီဗဟိုခေါင်းဆောင် တချို့ကို ဖယ်ရှားလိုက်တာဟာ လာမယ့်ရွေးကောက် ပွဲနဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် ရိုက်ခတ်မှုရှိနိုင်တယ်လို့ ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။