သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-26
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် နန်စီပွန်ရတနာနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ခန္တီးမြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဟာ ခန္တီးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေရတဲ့ ရေမဆေးကျောက်ရှာသူတွေကို မေလ (၂၅) ရကေ်န့ ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့ပါတယ်။
2017-05-26
မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ UWSA ဝ,အဖွဲ့၊ ကချင်၊ မိုင်းလား၊ တအာန်းပလောင်၊ ရခိုင်၊ ကိုးကန့် စတဲ့ အဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့ နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဒီကနေ့ တဖွဲ့ချင်းစီ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2017-05-25
မနေ့က နိုင်ငံတော် သံဃာ့မဟာနာယက ကထုတ်ပြန်တဲ့ ကြေညာချက်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့-မဘသ အမည်နဲ့ ဆိုင်းဘုတ်မသုံးခိုင်းတာသာ ဖြစ်တဲ့အတွက် မဘသအဖွဲ့ ဖျက်သိမ်းခိုင်းတာ မဟုတ်ဘူးလို့ သုံးသပ်ကြောင်း မဘသ ဗဟိုဦးဆောင်ဆရာတော် ဦးသောပါကက မိန့်ပါတယ်။
2017-05-25
အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဖျက်သိမ်းဖို့ နိုင်ငံတော်သံဃာ့နာယက အဖွဲ့က မေလ၂၃ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2017-05-25
၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်က မြန်မာ-အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ-၂ မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ မတက်ရောက်ကြပေမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ဝ၊ ကချင်၊ တအာန်း၊ ရခိုင်နဲ့ ကိုးကန့်အဖွဲ့တွေ တက်ရောက်လာကြပါတယ်။
2017-05-25
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွေ ပြောကြားရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကတဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်သွားဖို့ ပြောခဲ့ကြပါတယ်။
2017-05-23
မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးတိုင်းနဲ့ရခိုင်ပြည်နယ် ထိစပ်နေတဲ့ဒေသ မှာ အရှို ချင်းတိုင်းရင်းသား အများအပြား နေထိုင်ကြပါတယ်။
2017-05-23
မေလ ၁၇ ရက်နေ့က နန်စီပွန် ကျောက်မျက်ရတနာ လုပ်ကွက်မှာ ရေမဆေးကျောက်ရှာသူ ၃ ဦး သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ ပဋိပက္ခကြောင့် ကျောက်မျက် ဆက်လက်ရှာဖွေခွင့် မရတော့မှာကို ထောင်နဲ့ ချီတဲ့ ရေမဆေးကျောက်ရှာသူတွေ စိုးရိမ်နေကြပါတယ်။
2017-05-23
ရန်ကုန်မြို့တွင်း ၆ မြို့နယ် ရေကြီးရေလျှံမှုအန္တရာယ်ကို စီမံခန့်ခွဲခြင်းအပါအဝင် လုပ်ငန်းစဉ် ၄ ရပ် အတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူမယ့်အစီအစဉ်ကို မေလ (၂၃) ရက်နေ့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ပါတယ်။
2017-05-22
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသမှာ ဥပဒေနဲ့အညီ မှတ်ပုံတင်မထားတဲ့ ကုမ္ပဏီတွေက တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို တရားမဝင် တိုးချဲ့လာနေတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ပျက်စီးပြီး တောင်သူတွေရဲ့ လယ်ယာမြေတွေ ဆုံးရှုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-05-22
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅/ခ နဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2017-05-22
ရန်ကုန်မြို့တွင်း Water Taxi ပြေးဆွဲရာမှာ အသုံးပြုမယ့် ရေယာဉ်တွေကို ပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေလ ၂၂ရက်နေ့ တိုင်းလွှတ်တော် အစည်းအဝေးမှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။
2017-05-22
တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတာကို ပြန်ပြီးတည့်မတ်ပေးရေး အဆိုအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေဟာ တရားရုံးတွေကို မထေမဲ့မြင် ပြုရာရောက်တယ်လို့ ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီကနေ့ လာရောက် တောင်းပန်သွားပါတယ်။
2017-05-21
မေလ ၂ဝ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" တရားဥပဒေစိုးမိုးရေးအတွက် ဘာတွေ လိုအပ်နေ လဲ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်ဖြူဖြူသင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နဲ့ ဒေါ်နီလာသိန်း (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့က ပင်တိုင် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
2017-05-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်မှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတာ ၂ ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။