သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-12
နာမည်ကြီး အမှတ်တံဆိပ် Adidas ဖိနပ်တွေချုပ်တဲ့ ထိုင်ဝမ်နိုင်ငံသားပိုင် မြန်မာပေါင်ချိန်စက်ရုံဟာ လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေထဲက ဦးဆောင်သူ ၂၆ ဦးကို အလုပ်ကနေ အပြီးထုတ်လိုက်ပြီး အလုပ်သမားညွန်ကြားမှုဦးစီးရုံးမှာ နှစ်ဖက်ညှိနှိုင်းခဲ့ရာမှာလည်း အဆင်မပြေခဲ့ပါဘူး။
2022-12-07
တရုတ်-မြန်မာနယ်စပ်၊ ကချင်ပြည်နယ်ထဲက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံတွေဟာ စပါးလင်စိုက်ပြီး စပါးလင်ဆီကို တရုတ်ဘက်ရောင်းတဲ့ အလုပ်ကို အဓိက လုပ်ကိုင်ကြပါတယ်။
2022-12-02
မြန်မာနိုင်ငံမှာတော့ ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေသလို မသန်စွမ်းတွေရဲ့ အလုပ်အကိုင် ရရှိနိုင်မှုဟာ အကန့်အသတ်တွေ ရှိနေဆဲပဲလို့ မသန်စွမ်းအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
2022-12-01
၂၀၁၉ ကိုဗစ်ကပ်ရောဂါဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး ၂၀၂၁ အာဏာသိမ်းမှုဒဏ်ကို အခုချိန်ထိ ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု၊ စိုးရိမ်ကြောင့်ကြမှု၊ မလုံခြုံမှုနဲ့ အကြောက်တရားကြောင့် စိတ်ဒဏ်ရာတွေ ရလာကြတယ်လို့ ကိုယ်တွေ့ကြုံသူတွေနဲ့ ဆေးပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2022-11-30
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ဂျပန်နိုင်ငံကနေ မြန်မာအလုပ်သမား ပြန်လည်ခေါ်ယူတဲ့ ၂၀၂၂ မတ်လကစလို့ အခုနိုဝင်ဘာလအထိ ၉ လအတွင်း ဂျပန်မှာ အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့ မြန်မာလုပ်သား တစ်သောင်းဝန်းကျင်အထိ ရှိနေပါတယ်။
2022-11-29
ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားတဲ့ ရိုဟင်ဂျာကျောင်းသားတွေဟာ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်အပါအဝင် အဆင့်မြင့်ပညာ တက္ကသိုလ်တွေနဲ့ ဥပဒေပညာလို အသက်မွေး ဝမ်းကျောင်း ဘာသာရပ်တွေ သင်ကြားခွင့် အခုထိ ပိတ်ပင်ခံထားရတယ်။
2022-11-28
စစ်အာဏာဆန့်ကျင်ရေးအဖွဲ့တွေက ဒီဂိတ်ကိုဖြတ်ပြီး ရန်ကုန်ဘက်ကို လက်နက်တွေသယ်နေတာကြောင့် တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ရဲအရာရှိတစ်ဦးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
2022-11-25
ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရား၊ ပင်လောင်းနဲ့ ရွာငံမြို့နယ်က တောင်သူတွေဟာ အာလူးကို အဓိကထား စိုက်ပျိုးကြတာပါ။ တစ်နှစ်မှာနှစ်ကြိမ် အာလူးစိုက်လေ့ရှိပြီး နှစ်စဉ်ဧပြီလနဲ့ မေလမှာ တစ်ကြိမ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ တစ်ကြိမ် အာလူးပေါ်ပါတယ်။
2022-11-24
လူ ၆၀ ကျော် သေဆုံးပြီး အမြောက်အများ ဒဏ်ရာရခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါရွာက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဂီတဖျော်ဖြေပွဲ လေကြောင်းကနေ တိုက်ခိုက်ခံရတာ နိုဝင်ဘာ ၂၃ ရက် မနေ့က တစ်လပြည့်သွားပါပြီ။
2022-11-19
RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။
2022-11-18
အများပြည်သူနေ့စဉ်အသုံးပြုနေရတဲ့ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမတွေက X-Ray စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေရဲ့ စစ်ဆေးတဲ့အချိန်ကြန့်ကြာမှုတွေကြောင့် ကားသမားတွေနဲ့ ခရီးသည်တွေအခက်အခဲတွေ့နေရပါတယ်။
2022-11-18
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားခိုင်းထားတဲ့ ရပ်ကွက်ငါးခုကို စစ်ကောင်စီက နောက်ထပ် အချိန်သုံးရက်ထပ်ပေးပြီး နိုဝင်္ဘာ ၂၂ ရက်နေ့မှာ အပြီးရွှေ့ပြောင်းဖို့ သတိပေးထားတယ်လို့ ရပ်ကွက်မှာ နေထိုင်သူတွေက RFA ကိုပြောပါတယ်။
2022-11-17
သက်ဆိုင်ရာနိုင်ငံတွေကတော့ သူတို့နိုင်ငံသားတွေပြန်လွတ်လာတာကို ကြိုဆိုသလို ဖမ်းဆီးခံ နိုင်ငံရေးသမားတွေ အားလုံးကိုလည်းလွှတ်ဖို့၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ တောင်းဆိုကြပါတယ်။
2022-11-17
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဟာ အောက်တိုဘာလနောက်ပိုင်း အခုလို ခရီးသွားရာသီမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ခြေချင်းလိမ်နေတဲ့ဒေသဖြစ်ပါတယ်။
2022-11-16
မင်္ဂလာဒုံမြို့နယ်မှာ အိမ်ခြေ တစ်သောင်းဝန်းကျင်ရှိပြီး လူဦးရေ ငါးသောင်းလောက်နေထိုင်တဲ့ ရပ်ကွက်ငါးခုဟာ ကာကွယ်ရေးဌာနပိုင်မြေမှာ ပါဝင်နေတယ် ဆိုပြီး လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အပြီးတိုင်ဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်