သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-13
စစ်တပ်ကနေ အနားယူပြီး လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်အသစ်တွေ ကြိုဆိုပွဲအခမ်းအနားကို နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-08-12
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က မြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးတဝိုက် က ကျေးရွာတချို့ မှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု များပြားလာနေပါတယ်။
2015-08-12
ရှစ်လေးလုံးအရေးတော်ပုံ ၂၇ နှစ်ပြည့်အမှတ်တရ ပန်းချီပြပွဲကို ရန်ကုန်မြို့ ၃၅ လမ်းက ဧရာဝတီ ပန်းချီပြခန်းမှာ သြဂုတ်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ ပြသထားပါတယ်။
2015-08-12
ရေဘေးသင့်ဒေသတွေမှာ အဖြစ်များနေတဲ့ရောဂါတွေကနေ ကာကွယ်ရေးနဲ့ ရေကျပြီးဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ဆေးပညာဆောင်းပါးရှင် ဒေါက်တာမြင့်ဦးကို RFA သတင်းထောက် မသီရိမင်းဇင် က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-08-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁ဝ ရက်နေ့က မကွေးတိုင်း ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်တွေ က ရေဘေး ဒဏ်ခံခဲ့ရတဲ့ အိမ်ထောင်စုတွေကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
2015-08-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်း-အနောက်ခြမ်းက ပြည်၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်၊ ဇီးကုန်း စတဲ့မြို့တွေနဲ့ လမ်းတလျှောက်က ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-08-11
၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထု အုံကြွမှု အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံး သမိုင်းပြ တိုက်ကို သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ သြဂုတ်လ ၈ ရက်နေ့က စပြီး ဖွင့်လှစ်လိုက်ပါတယ်၊
2015-08-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းခရီးစဉ် ပထမနေ့ အဖြစ် မင်းဘူးမြို့ကို ရောက်ရှိခဲ့ပြီး ဒေသခံလူထုနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။
2015-08-11
ရခိုင်ပြည်နယ်မှာ ရေလွှမ်းမိုးခဲ့တဲ့ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲဖြစ်နေသလို စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
2015-08-11
ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိကဟာ ပြီးခဲ့တဲ့စနေနေ့က ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၄ဝဝ ရဲ့ သားသမီးတွေကို ကျောင်းသုံးပစ္စည်းတွေ အလှူဒါနပြု ခဲ့ပါတယ်။
2015-08-11
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကနေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို ဒီနေ့ပါတီက ထုတ်ပြန်လိုက်ပါတယ်။
2015-08-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပဲခူးတိုင်း ဘုရားကြီးမြို့နဲ့ ဒိုက်ဦး မြို့တွေ မှာ မြို့ခံတွေနဲ့တွေ့ဆုံပြီး ပါတီရဲ့လွှတ်တော် ကိုယ်စား လှယ်လောင်း ရွေးချယ်မှုနဲ့ လတ်တလော ရေဘေး သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် ကူညီ ကြဖို့ ပြောကြားခဲ့ပါတယ်
2015-08-08
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့တို့ ဒုတိယမြောက်နေ့အဖြစ် ရန်ကုန်မြို့မှာ သြဂုတ်လ ၈ ရက်နေ့က ဆွေးနွေးခဲ့ကြပေမယ့် စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဘယ်နှစ်ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးမလဲဆိုတဲ့ အချက်နဲ့ပတ်သက်လို့ သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပါတယ်။
2015-08-08
ပဲခူးတိုင်း သာယာဝတီမြို့နဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့မှာရှိတဲ့ ရေဘေးဒုက္ခသည်စခန်းတွေမှာ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)၊ တကသကျောင်းသားတွေနဲ့ ဆရာဝန်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေပါတယ်။
2015-08-08
ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ရဟန်းသံဃာတွေနဲ့ ကျောင်းသား ကျောင်းသူတွေစုပေါင်းပြီး တနိုင်ငံလုံး က ရေဘေးသင့်ဒေသတွေ အတွက် လားရှိုးမြို့မှာ အလှူခံနေကြပါတယ်။