သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-24
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ သောင်း နဲ့ချီပြီး မဟာချိုင်မြို့ ထလေထိုင်းမှာ လာရောက်စောင့်ဆိုင်းခဲ့ကြပေမယ့် စက်ရုံတချို့က စီစဉ်တဲ့ အလုပ်သမားအနည်းငယ်ကို သာ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရခဲ့ပြီး၊ မိုးရွာ ထဲမှာ စောင့်နေခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုနဲ့ စကားပြောခွင့် မရခဲ့ပါဘူး။
2016-06-24
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က ရခိုင်စစ်ပြေး ဒုက္ခသည်စခန်းနဲ့ အောင်မင်္ဂလာ မွတ်စလင်ရပ်ကွက်ကို သွားရောက်ခဲ့ပါတယ်။
2016-06-24
ထိုင်းနိုင်ငံကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက်မဟာချိုင်မြို့အနီး က ထောင်နဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ စောင့်ဆိုင်းခဲ့ကြပေမယ့် ထိုင်းအစိုးရက အလုပ်သမား ၅ ရာကျော်ကိုသာ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။
2016-06-24
ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်မြို့က တာလေထိုင်းခမ်းမမှာ ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ မြန်မာအလုပ်သမားတွေကို စကားပြောခဲ့ပါတယ်။
2016-06-24
ရှမ်းပြည်မြောက်ပိုင်း စားသုံးသူရေးရာဦးစီးဌာနနဲ့ ကျောင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး လားရှိုးမြို့အထက ၂ ကျောင်းက မုန့်ဈေးတန်းနဲ့ မြို့တွင်းက စားသုံးဆီစက်ရုံတွေ၊ စားသုံးဆီရောင်းချနေတဲ့ ဆိုင်တွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။
2016-06-24
နေပြည်တော် ပျဉ်းမနားမြို့နယ်မှာရှိတဲ့ "အာဟာရသုခ" ကုန်စိမ်းဈေးက ဈေးသည်တွေ ကို ဈေးရောင်းတဲ့ နေရာနဲ့ အချိန်ပြောင်းလဲဖို့ ပြောကြားတဲ့အတွက် ဈေးသည်တချို့ စုစည်းပြီး ဈေးစည်ပင်ရုံးကို သွားရောက် တောင်းဆိုခဲ့ကြပါတယ်။
2016-06-24
မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဆက်ဆံမှုတွေဟာ ၂ဝ၁၂ ခုနှစ်ကတည်းက တိုးတက်ကောင်းမွန်လာခဲ့ပြီး၊ အစိုးရသစ်လက်ထက်မှာ ပိုပြီး ကောင်းမွန်လာမယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက်တဲ့ အမေရိကန်အာဆီယံ စီးပွားရေးကောင်စီက ပြောပါတယ်။
2016-06-22
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ဒေသတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးဖို့လိုတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားတွေက ပြောလိုက်ပါတယ်။
2016-06-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မနက်ဖြန်ညနေမှာ ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းရပ်ကွက်မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2016-06-22
ကယားပြည်နယ်က လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီမောဆို၊ ဖရူဆိုမြို့နယ်က ဒေသခံ ကျေးရွာဖွံ့ဖြိုးရေးကွန်ရက်က လူငယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီမောဆိုမြို့မှာရှိတဲ့ စိန်ပေါလ် ဓမ္မာရုံမှာ ဇွန်လ ၂၂ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-06-22
ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား နှစ်ထောင့်ငါးရာလောက်နဲ့ တွေ့ဆုံမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ထိုင်းအစိုးရက ပြင်ဆင်နေပါတယ်။
2016-06-22
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ ၂ဝ ရက်နေ့ညပိုင်းက တပ်တော်သားနှစ်ယောက်နဲ့ လူငယ် ၈ ယောက်လောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှာ ကွန်ပြူတာတက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိမှန် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-06-22
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းက SSPP/SSA ရှမ်းပြည်တပ်မတော် ဌာနချုပ်ရှိရာ ဝမ်ဟိုင်းမှာ အရင်က စီးပွားရေးလုပ်ငန်းတွေ အားကောင်းခဲ့ပေမယ့် အခု စီးပွားရေးလုပ်ငန်းတွေ မရှိသလောက် နည်းလာနေပါတယ်။
2016-06-22
၁၄၁ နှစ်မြောက် ကရင်နီအမျိုးသားနေ့ ကို ကယားပြည်နယ် ဒီမောဆိုမြို နယ်အတွင်းက ကန်ခုနှစ်ဆင့်မှာ ဇွန်လ ၂၁ရက်နေ့ မနက်က ကျင်းပခဲ့ပါတယ်။
2016-06-22
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးမှာရှိတဲ့ "မိုးကြိုး" ဆာလ်ဖျူရစ်အက်ဆစ် စက်ရုံကထွက်တဲ့ အနံ့အသက်ဆိုးတွေကြောင့် ကံကုန်းကျေးရွာက ကျောင်းသားမိဘတွေ စိုးရိမ်ပြီး ကျောင်းသားတွေကို ကျောင်းမတက်ခိုင်းဘဲ ခွင့်တိုင်ထားကြပါတယ်။