ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်အကြို
2016.06.22
ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား နှစ်ထောင့်ငါးရာလောက်နဲ့ တွေ့ဆုံမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ထိုင်းအစိုးရက ပြင်ဆင်နေပါတယ်။ RFA အဖွဲ့သား ကိုဝင်းနိုင်က မဟာချိုင်မြို့ကနေ သတင်းပေးပို့ထားပါတယ်။