သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-15
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံမှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ကျင်းပနေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဆိုင်ရာ ထိပ်သီးညီလာခံကိုတက်ရောက်နေပါတယ်။
2017-05-15
မကြာသေးခင်က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ကို "၁၅ ရက်နေ့မှာ မြေလှန်မယ်" ဆိုပြီး Wira Thu အမည်နဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ခြိမ်းခြောက် ရေးသားထားတဲ့အတွက် ဒီကနေ့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့ ဝင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့ တွေ၊ ရပ်ကွက်အခြေပြုအဖွဲ့တွေ လုံခြုံရေး ယူနေကြပါတယ်။
2017-05-13
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ- UPDJC အစည်းအဝေး ကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပါတယ်။
2017-05-13
ပြီးခဲ့တဲ့အစိုးရ လက်ထက်က မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်တွေက ဒေသဖွံဖြိုးရေး ရန်ပုံငွေတွေ ပြန်မအပ်ဘူး ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီနေ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။
2017-05-13
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅-ခ နဲ့ တရားစွဲဆိုထားတဲ့ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦးနဲ့ ကိုနေဝင်းအောင်တို့ ၄ ဦးအမှုအတွက် ဒီကနေ့ အာမခံ တင်သွင်းရာမှာ ကမာရွတ်မြို့နယ် တရားရုံးက အာမခံ မပေးဘဲ ပယ်ချလိုက်ပါတယ်။
2017-05-13
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-05-11
မွန်ပြည်နယ် ကျိုက်ထိုမြို့က ရပ်ကွက်၅ခုလောက်မှာ သောက်သုံးရေရှားပါးနေပြီး နေ့စဉ် ရေလာရောက်လှူဒါန်းတာ ကို စောင့်မျှော်နေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
2017-05-11
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဌေးကြွယ်ဟာ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေပါတယ်။
2017-05-11
မေလ ၁၁ ရက်နေ့ ဒီနေ့ညမှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ "ရှာဗေ-ဗရတ်" ညဉ့်မြတ်နေ့မှာ အစ္စလမ်ဘာသာဝင်တွေကို ပြင်ပနေရာတွေ အကျိုးမဲ့မသွားဖို့ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးတွေက အသိပေးပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2017-05-11
မေလ ၉ ရက်နေ့ညက ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မမှန်မကန်ရေးသား ဖြန့်ဝေနေတာတွေ ရှိတဲ့အတွက် အဲ့ဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ မျိုးချစ် ရဟန်းပျိုများသမဂ္ဂက ဦးဆောင်ပြီး ကျောက်တံတားမြို့နယ်က City Star Hotel မှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-05-11
မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး-မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းကို ရာထူးက နှုတ်ထွက်ပေးဖို့ ငါန်းဇွန်မြို့နယ်က တောင်သူ ၅ ရာလောက် မန္တလေးမြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-05-10
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အမှတ် (၁၂) ရပ်ကွက်မှာရှိတဲ့ သံမဏိဆည်ဟာ မြို့တွင်းက စည်းကမ်းမဲ့စွန့်ပစ်လိုက်တဲ့ အမှိုက်တွေနဲ့ပိတ်ဆို့နေတာကြောင့်အဲဒီဆည်ကို အမှီပြုပြီး စိုက်ပျိုးနေကြတဲ့ တောင် သူ တွေအတွက် စိုက်ပျိုးရေ အခက်ခဲဖြစ်နေရပါတယ်။
2017-05-10
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားရဲ့ ဂေါပကအဖွဲ့သစ် လက်ထက်မှာ ဘုရားဖူး လာရောက်သူတွေ ပိုများလာတယ်လို့ သိရပါတယ်။
2017-05-10
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၂ လမ်းမှာ မေလ ၁၀ရက်နေ့ညက အမျိုးသားရေးလှုပ်ရှားသူုတချို့နဲ့ ရပ်ကွက်တွင်းနေ အစ္စလာမ် ဘာသာဝင်တွေ အကြား အပြန်အလှန် ထိပ်တိုက်ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ဖောက် သတိပေး လူစုခွဲခဲ့ရပါတယ်။
2017-05-10
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က အင်္ဂလန်နိုင်ငံမှာ လန်ဒန် လွတ်လပ်ရေးဆုကို လက်ခံရယူခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောာင်ဆန်းစုကြည်ကို ဆုချီးမြှင့်တဲ့ ခန်းမ အပြင်ဘက်မှာ ကချင် တိုင်းရင်းသားတွေနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအရေး ဆောင်ရွက်သူတွေက ဆန္ဒပြခဲ့ပါတယ်။