သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-08
ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့နဲ့ပတ်သက်လို့ စစ်ဆင်ရေးဆောင်ရွက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်လို့မရတာကြောင့် ၁၉၅၆ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ကာကွယ်ရေး (စစ်ဆင်ရေး အထူးစီမံချက်) အက်ဥပဒေနဲ့ ဆောင်ရွက်ခဲ့ရတယ်လို့ ရခိုင်ပြည်နယ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
2019-05-08
၂၀၁၉ ခုနှစ်ရဲ့ တတိယအကြိမ်မြောက် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ AAPP ရဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းဝင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ပါဝင်ခဲ့ပေမယ့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ မပါဝင်ခဲ့ပါဘူး။
2019-05-07
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်မှုတွေအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-05-07
မတူညီ ကွဲပြားတဲ့ ဘာသာဝင်တွေကြား ငြိမ်းချမ်းတဲ့ဘဝတွေ ကြိုးပမ်းတည်ဆောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2019-05-06
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သံဃာတော်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေ စစ်တွေမြို့မှာ ဒီနေ့ မေလ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2019-05-06
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်က ထိန်းသိမ်းစစ်ဆေးခံနေရသူတွေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်က ထုတ်ပြန်ချက်ဟာ အဖြစ်မှန်နဲ့ကွဲလွဲနေကြောင်း မျက်မြင်သက်သေတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက တုံ့ပြန်ပါတယ်။
2019-05-06
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) မပြင်ဘဲ ဒီအတိုင်းထားဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-05-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ အသက်နဲ့ရင်းပြီး ရေမဆေးကျောက် ရှာဖွေနေသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။
2019-05-03
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ အကျိုးဆက်အနေနဲ့ မြေမြုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရတဲ့ ပြဿနာဟာ စိမ်ခေါ်မှုတခုလို ဖြစ်လာနေပါတယ်။
2019-05-03
စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေတဲ့ ရခိုင်ပြည်နယ်မှာ... အစိုးရတပ်မတော်ရဲ့ ဖမ်းဆီး စစ်ဆေးမှုတွေအတွင်း အရပ်သားတွေသေဆုံးမှု များလာနေပါတယ်။
2019-05-03
အခုနှစ်အတွက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်အဖြစ် “ဒီမိုကရေစီရေးအတွက် သတင်းမီဒီယာရဲ့အခန်းကဏ္ဍ” လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံက စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
2019-05-03
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ ဒေသခံ ၂၇၅ ဦးထဲက ၁၂၆ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2019-05-03
ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2019-05-02
ပဲန်မြန်မာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက တနှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်အစီရင်ခံစာ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2019-05-02
ဒီတပတ်အစီအစဉ်မှာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။